ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာ၌ ကုန်ထုတ်လမ်း(မြေသား+ရိစာ)ခင်းခြင်းနှင့် Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာ၌ ကုန်ထုတ်လမ်း(မြေသား+ရိစာ)ခင်းခြင်းနှင့် Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 19, 2024

ဇေယျာသီရိ ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် သက်နှင်းအင်းကျေးရွာအုပ်စု၊ သက်နှင်းအင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း (မြေသား+ရိစာ)ခင်းခြင်းနှင့် Slab Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုကို ဇန်နဝါရီ ၁၈ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ သက်နှင်းအင်းကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်း(မြေသား+ရိစာ)ခင်းခြင်းနှင့် Slab Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
သက်နှင်းအင်းကျေးရွာ၌ အရှည်ပေ ၁၄၀၀ ၊ အကျယ် ၁၂ပေ၊ အမြင့် တစ်ပေကိုးလက်မရှိ ကျေးလက်ကုန်ထုတ်လမ်း (မြေသား+ ရိစာ)ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် Slab Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ ရန်ပုံငွေကျပ် ၁၆ ဒသမ ၉၅၄၉၈၂ သန်းဖြင့် Asiatic Dragon ကုမ္ပဏီ မှ ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသဖြင့် သက်နှင်းအင်းကျေးရွာရှိ အိမ်ခြေ ၁၆၀၊ လူဦးရေ ၇၁၃ဦးတို့၏ လယ်ဧက ၁၈၀ကျော်မှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်သို့ ရာသီမရွေး အချိန်မီ တင်ပို့ရောင်းချ နိုင်ပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှ သိရသည်၊၊


