တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “ပထမအကြိမ် နိုင်ငံတကာ နယ်နိမိတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညီလာခံ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “ပထမအကြိမ် နိုင်ငံတကာ နယ်နိမိတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညီလာခံ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Foreign Affairs/ Nay Pyi Taw / October 29, 2019


(၂၉-၁၀-၂၀၁၉ ရက်၊ ပေကျင်းမြို့)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် ၂၉-၁၀-၂၀၁၉ ရက်၊ နံနက် ဝ၉၃၀ နာရီတွင် ပေကျင်းမြို့ရှိ Beijing Kuntai Royal Hotel ၌ ကျင်းပပြုလုပ်သည့် “ပထမအကြိမ် နိုင်ငံတကာ နယ်နိမိတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညီလာခံ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်အဖွဲ့ဝင်များကိုယ်စား အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားမတိုင်မီ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Luo Zhaohui နှင့် ညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံပွဲကိုလည်း မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

HOT NEWS
January 4,