တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနားကျင်းပမည်

တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနားကျင်းပမည်


Ministry of Information/ ​နေပြည်တော် / July 09, 2020
image_latest


နေပြည်တော်  ဇူလိုင်  ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ကြီးမှူးကျင်းပသော (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁ ရက်၊ ဇူလိုင်-၂၀ ရက် (တနင်္လာနေ့)၊ နံနက် ၈နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်မြတ်များအား ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃နာရီ နောက်ဆုံးထား၍ ကမ္ဘာအေးကုန်းမြေ၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်ရှိ စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပို့တော် မူကြပါရန် ပင့်လျှောက်လွှာများ ဆက်ကပ်ပြီးဖြစ်ပါသည်။

ပင့်လျှောက်လွှာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်ရှိ စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပို့တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,