တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ငါးမွေးကန်များဧကစာရင်းမှန်ကန်စေရေး၊ ပယ်ဖျက်မည့်ငါးမွေး ကန်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း

တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ငါးမွေးကန်များဧကစာရင်းမှန်ကန်စေရေး၊ ပယ်ဖျက်မည့်ငါးမွေး ကန်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း


Ministry of Information/ Naypyitaw / January 24, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးကန်များ ဧကစာရင်းမှန်ကန် စေရေးနှင့် ပယ်ဖျက်လိုသောငါးမွေးကန်များ စာရင်းများ နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က Zoom Meeting ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝေလင်းမောင်က အမှာ စကားပြောကြား ရာတွင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးမြူရေး လုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေးကန်များ၊ ငါးလုပ်ငန်း ဦးစီးဌာန၌ တရားဝင်နှစ်စဉ်ယာယီလိုင်စင်များ ရယူခြင်းဖြင့် ငါးမွေးမြူရေးလုပ်ငန်းစီမံခန့် ခွဲရေး အညွှန်း ကိန်းဂဏန်းများ မှန်ကန်စွာရရှိစေရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခ များကို ရရှိစေရန်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ် စာရင်းဇယားများအရ ငါး/ပုစွန်/ကဏန်းမွေးကန်ဧကပေါင်း ငါးသိန်းနီးပါးရှိသည် ကို တွေ့ရပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်မွေးမြူနေ သည့် ဧကစာရင်းနှင့် ကွာဟနေသည်ကိုတွေ့ ရှိရပါကြောင်း၊ အချို့ ငါးမွေးကန်များတိမ်ကောသွားခြင်း၊ ငါးမွေးကန်ပိုင်ရှင် များ နေရပ်ပြောင်းရွှေ့သွား ခြင်း၊ ကားလမ်းဖြတ်ဖောက်ခြင်း၊ တံတားဆောက်လုပ်ခြင်းတို့ကြောင့် ငါးမွေးကန်မြေပါသွား ခြင်း၊ ငါးမွေးကန်ပိုင်ရှင်များ သေဆုံးသွားခြင်း စသည့် အကြောင်း အမျိုးမျိုးတို့ကြောင့် ဆက်လက်မွေးမြူ နိုင်ခြင်း မရှိတော့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ငါးမွေးမြူရေးကဏ္ဍအပါအဝင် ငါးလုပ်ငန်းကဏ္ဍမှ နိုင်ငံတော်၏ GDP တိုးတက်စေရေးအတွက် ငါးမွေးမြူ ရေးကန်ဧရိယာများ၏ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုသည် အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါ ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ငါး၊ ပုစွန်၊ ကဏန်း မွေးကန်ဧကစာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက် မည့်အစီအမံများ၊ လိုအပ်ချက်များ၊ ဌာနမှ ပံ့ပိုးပေးရမည့် အချက်များကို တင်ပြဆွေးနွေးပေးကြ လိုကြောင်း ပြော ကြားသည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က စာရင်းဇယားကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ ဖြည့်စွက်မှာကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူးများ တက်ရောက်ဆွေးနွေးခဲ့ ကြပြီး ငါးလုပ်ငန်း ဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး များက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,