ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစု ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစု ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / September 06, 2024
image_latest


ဒဂုံ စက်တင်ဘာ ၆ 

       ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစုငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့က အပိုင်း(၄)မိသားစုဓမ္မာရုံ၌ ကျင်းပသည်။

          အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးစောအေးက ‌ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက သမဝါယမ လုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် အသင်းသား (၁၉၀) ဦးအား တစ်ဦးလျှင် မြေပဲဆီ ( ၅၀ ကျပ်သား) နှင့် စားသောက်ကုန်များကို အသင်းသားလက်ဆောင်အဖြစ် ပေးအပ်ပြီး အစုပေါ်အမြတ်နှင့် စုဆောင်း‌ပေါ်အတိုးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးအောင်

ရန်ကုန်တိုင်းဒေသကြီး

HOT NEWS
January 4,