ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် CNAS ၏ အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံဆွေးနွေး

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် CNAS ၏ အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / January 13, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ China National Accreditation Service for Conformity Assessment (CNAS) ရုံးချုပ်သို့ ရောက်ရှိရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

ထို့နောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို အဆိုပါရုံးချုပ်၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးနှင့် China National Accreditation Service for Conformity Assessment (CNAS) အမှုဆောင်အရာရှိချုပ်တို့သည် အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းလုပ်ငန်းများဖြစ်သည့် စမ်းသပ်စစ်ဆေးခြင်း ဓာတ်ခွဲခန်းများတွင် ထုတ်ကုန်စစ်ဆေးခြင်းနှင့် တိုင်းတာချိန်ညှိခြင်း၊ စစ်ဆေးရေးအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ခြင်း၊ အရည်အသွေးထောက်ခံချက်ထုတ်ပေးသည့် အဖွဲ့အစည်းများအတွက် အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးရေး ပံ့ပိုးပေးသူများအတွက် အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာအရည်အသွေးအသိအမှတ်ပြုမှုများ ရရှိအောင် ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တရုတ် - မြန်မာဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအစဉ်အလာကို ပိုမိုခိုင်မြဲစေလျက် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် ၂၀၂၅ ခုနှစ်တွင် စိန်ရတုမှတ်တိုင်အဖြစ် ကျွမ်းကျင်ပညာရှင်များ ပျိုးထောင်ခြင်းနှင့် သုတေသနများ ပူးပေါင်းဖလှယ်ခြင်း စသည့်စီမံကိန်းသစ်များကို အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် China National Accreditation Service for Conformity Assessment (CNAS) ၏ အမှုဆောင်အရာရှိချုပ်တို့သည် နှစ်ဖက်ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များကို အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်