ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / January 19, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၉) ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး ()ချက်နှင့် ဆောင်ရွက်ဆဲ (၁၂)ချက်တို့ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲအချက်များသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်ကို နှစ်ပေါင်းတစ်ရာကျော် ကျရောက် ခဲ့ရပြီး လွတ်လပ်ရေးပြန် လည်ရရှိရန်အတွက် အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားကို အခိုင်အမာဖော်ကျူးပြသသည့် အနေဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာလွတ်လပ်ရေးကို အရယူခဲ့ပါကြောင်း။

ထိုသို့ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းသည် တိုင်းရင်းသားအားလုံး၏ စည်းလုံး ညီညွတ်မှုကြောင့်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အဓိကကျသည့် အချက်မှာ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပါကြောင်း၊ပြည်ထောင်စုစိတ်ဓာတ်ကိုစစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် ယှဉ်တွဲအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင်နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးပြီး ပြည်ထောင်စု စိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက် သွားရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို တွေ့ရပါကြောင်း။

ယနေ့ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထုတ်ပြန် ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မ ပျက် အေးအတူပူအမျှ ပူးပေါင်းနေထိုင်သည့် တစ်စည်းတစ်လုံးတည်းသောစိတ်ဓာတ်ဖြစ်သည်။၎င်းအပြင်ပြည်ထောင်စု၏မည်သည့်နေရာတွင် နေထိုင်ကြသည်ဖြစ်စေ ပြည်ထောင်စု အတွင်း တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ အတူတကွ စုပေါင်းနေထိုင်ကြသည့် တစ်မိသားစုတည်းဖြစ်သည်ဟူသော ခံယူချက်သည် ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အနှစ်ချုပ်အား ဖြင့်ပြောလျှင်ပြည်ထောင်စုစိတ်ဓာတ် အဓိကအချက်မှာပြည်ထောင်စုအတွင်း နေထိုင်ကြ သည့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက် မပျက်၊ အေးအတူပူအမျှ၊ မရှိအတူရှိအတူ တစ်စည်း တစ်လုံးတည်း အတူတကွစုပေါင်းနေထိုင်သည့်စိတ်ဓာတ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူး ပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်ပြီး ပြည်ထောင်စုနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၄)နှစ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားများကို ကျင်းပရာတွင်ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းသည့် နိုင်ငံရေးအနှစ်သာရများ ပါဝင်အောင် စဉ်းစား၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သော်လည်း ယခုကာလသည် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် ယခုနှစ်တွင် နှစ်စဉ် ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့်ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာ စာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ အရေးတကြီးကိစ္စတစ်ရပ် အနေဖြင့် ထည့်သွင်းစဉ်းစား၊ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ကျင်းပရာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန်အတွက်အခမ်းအနား စီစဉ်ဆောင်ရွက်မည့်သူများ လိုက်နာဆောင်ရွက်ရမည့်  စံလုပ်ငန်းလမ်းညွှန်ချက် (၁၀)ချက်နှင့်နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားများတွင် လိုက်နာဆောင်ရွက် ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် ()ချက် စုစုပေါင်းအချက် (၁၄)ချက်ကို ရေးဆွဲပေးထားပြီး ဖြစ်သည့်အတွက် စီမံခန့်ခွဲမှုကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများ အနေဖြင့် အဆိုပါစံလုပ်ငန်းလမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားများကို တက်ရောက်မည့် ဧည့်သည်တော်များနှင့် လူထု ပရိသတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့်စံလုပ်ငန်း လမ်းညွှန်ချက်များအမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ တက်ရောက်မည့်လူဦးရေကို လျှော့ချသတ်မှတ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည်များကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားများ ကျင်းပမည့်နေရာတွင် ပိုးသတ်ဆေး ကြိုတင်ဖြန်းထား နိုင်ရေး၊ အဆိုပါနေရာအား လုံးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် အခမ်းအနား ကို တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများ ရှိနိုင်သည့်အတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများ အတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ၊ မျက်နှာအကာ (Face Shield) များနှင့် လက်အိတ်(Glove)များ ဖြန့်ဝေနိုင်ရန် ကြိုတင်စီစဉ်ဆောင် ရွက်ထားရေး၊ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာကို မဝင်ရောက်ခင် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးနိုင်ရေးနှင့် လက်ဆေးကြောသန့်စင်နိုင်ရန် အတွက် လက်သန့်စင်ဆေးရည် (Hand Sanitizer / Gel) များ ထားရှိနိုင်ရေး၊ အခမ်းအနားကို တက်ရောက်မည့်သူများအတွက် နေရာခင်းကျင်းရာတွင်လည်း အခမ်းအနားကျင်းပ မည့်နေရာ အကျယ်အဝန်းပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး အကွာအဝေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် Social Distancing များအတိုင်း နေရာချထားပြီး လူအင်အား လျှော့ချသတ်မှတ်နိုင်ရေး၊ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များအတွက် လုံလောက်သည့် ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ်များကို ကြိုတင်စီမံဆောင်ရွက် ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

ပြန်ကြားရေးဆပ်ကော်မတီအနေဖြင့်လည်း ပြည်ထောင်စုနေ့မတိုင်မီနှင့် ပြည်ထောင်စုနေ့ တွင် နိုင်ငံပိုင်မီဒီယာ များဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းအားလုံးကပြည်ထောင်စု စိတ်ဓာတ်ဆိုသည့် နိုင်ငံရေးအနှစ်သာရကို ဖော်ညွှန်းသည့် ပြန်ကြားရေး၊ ဖျော်ဖြေရေးနှင့် ပညာပေးအစီအစဉ်အမျိုးမျိုး ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ပေါ်လွင်စေမည့် နောက်ခံရုပ်ပုံများ၊ ရုပ်သံမှတ်တမ်းများကိုလည်း ထည့်သွင်းဖော်ပြရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီအနေဖြင့် နေပြည်တော်၊ မြို့တော် ခန်းမရင်ပြင်တွင် နံနက် နာရီ၌ ကျင်းပမည့်နိုင်ငံတော်အလံအလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ ထံက ပေးပို့သည့် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို တက်ရောက်မည့် အင်အားစာရင်းများကိုလည်း အတည်ပြုချက်ရရှိထားပြီဖြစ်သည့်အတွက် အချိန်မီဖိတ်ကြား နိုင်ရေးနှင့် ဖိတ်ကြားမည့်ဖိတ်စာတွင်လည်း ပန်ကြားလွှာနှင့်အတူ COVID-19 နှင့် ပတ်သက်သည့် အရေးကြီးသည့်အချက်များကိုလည်း ထည့်သွင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ပြောကြား လိုပါကြောင်း၊ ထို့အပြင် အခမ်းအနားကို တက်ရောက်မည့် သူများကိုလည်း COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာနိုင်ရန်အတွက် ဝင်လမ်း၊ ထွက်လမ်းများတွင် ကျန်းမာ ရေးဆိုင်ရာ သတိပေးဆိုင်းဘုတ်များ ထားပေးရန်နှင့် Hand Speaker များနှင့် အသိပေးပြောကြား ခြင်းများကိုလည်း စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီအနေဖြင့်လည်း မြေစိုက်ပိုစတာများကို နေပြည်တော်၊ မြို့တော်ခန်း မရင်ပြင်နှင့် နေပြည်တော် နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် နေရာများတွင် အချိန်မီစိုက်ထူနိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယခင်နှစ်များက ဆောင်ရွက် ခဲ့သည့် အတွေ့အကြုံများအပေါ်အခြေခံပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ တိကျစွာ လိုက်နာပြီး အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပထမအကြိမ် ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဗဟိုကော်မတီမှ ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတော်သမ္မတထံမှ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့မည့်သဝဏ်လွှာနှင့် ပို့စကတ်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့ကလုံခြုံရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍  ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သွားမည့်လုံခြုံရေးအစီအမံများနှင့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကသဝဏ်လွှာ ပြုစုရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွား မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကဘဏ္ဍာရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဆပ်ကော်မတီများအနေဖြင့် အသုံးစရိတ်များအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းကဖိတ်ကြားရေးနှင့် နေရာ ချထားရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ အခမ်းအနားတက်ရောက်မည့်သူများအား အချိန်မီ ဖိတ်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေ၊ ဖိတ်ကြားမည့် ဖိတ်စာနမူနာပုံစံ၊ ပန်ကြားလွှာ၊ ရင်ထိုးတံဆိပ်၊ လုံခြုံရေးစတစ်ကာ၊ လုံခြုံရေးကတ်ပြားများနှင့် ယာဉ်ဝင်ခွင့် ကတ်ပြားများ ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦးကအလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့အခမ်းအနား များတွင် စစ်ရေးပြဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချကာ ဖွဲ့စည်း လေ့ကျင့်ဆောင် ရွက်နေမှုအခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်ကမြေစိုက် ပိုစတာများစိုက်ထူရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များကို အများပြည်သူမြင် သာအောင် မြေစိုက်ပိုစတာ များ စိုက်ထူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်ကျန်းမာရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမ်းအနားသို့ တက်ရောက်မည့်သူ များအား COVID-19 ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် လိုအပ်သည့် ဆေးနှင့် အကာအကွယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားကျင်းပမည့်နေရာများတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အခမ်းအနားတွင် တာဝန်ထမ်း ဆောင်မည့်ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ကြိုတင်ဆောင်ရွက်ပေးမည့်အခြေအနေ များ၊ အခမ်းအနား ကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများ နှင့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးကစာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဆပ်ကော်မတီအသီးသီး၏ ဘဏ္ဍာငွေ သုံးစွဲမှုများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေး ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကအခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့အခမ်း အနားများ အတွက် လူဦးရေကန့် သတ်လျှော့ချကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ပေးထားသည့် Social Distancing များနှင့်အညီ နေရာချထားမည့် လျာထားမှုအကွက်ချပုံစံနှင့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကပြန်ကြား ရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုနေ့ အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် ပြည်ထောင်စု နေ့ ဂုဏ်ပြုအစီအစဉ်များ၊ ပြည်ထောင်စုနေ့အခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ စိစစ်ရွေးချယ်ထား ရှိမှုအခြေအနေ၊ အဆိုပါတိုင်းရင်းသား၊ တိုင်းရင်းသူများအား COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေး စစ်ဆေးပေးသွားမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သောအခမ်း အနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 (သတင်းစဉ်)

HOT NEWS
January 4,