ပအိုဝ်းနှစ်သစ်ကူးနေ့အခမ်းအနားကို သာမည ပအိုဝ်းအမျိုးသားကွင်းတွင် ကျင်းပ

ပအိုဝ်းနှစ်သစ်ကူးနေ့အခမ်းအနားကို သာမည ပအိုဝ်းအမျိုးသားကွင်းတွင် ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 28, 2019


ဘားအံ နိုဝင်ဘာ ၂၇

 ပအိုဝ်းတစ်မျိုးသားလုံး၏ ရိုးရာအစဉ်အလာကောင်းများ ဆက်လက်တည်တံ့ ထိန်းသိမ်းသွားနိုင်စေရန်နှင့် ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံး ညီညွှတ်မှုရှိစေရန်ရည်ရွယ်၍ ပအိုဝ်းနှစ်သစ်ကူးနေ့ အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့နယ် သာမည ပအိုဝ်းအမျိုးသားကွင်းတွင် ကျင်းပသည်။

 ပအိုဝ်းသက္ကရာဇ် ၁၀၆ ခု နှစ်သစ်ကူးနေ့ နေထွက်တစ်ချက်တီးကျော်အချိန်တွင် သူရိယစန္ဒာမင်းကြီး၏ ပင့်လျှောက်ခြင်းကြောင့် ဂေါတမ မြတ်စွာဘုရားကိုယ်တော်တိုင် သုဝဏ္ဏဘူမိသို့ ကြွလှမ်းရောက်ရှိလာသည်ကို နောင်လာနောင်သားများ အမှတ်တရရှိကြစေရန် ရှေးပအိုဝ်း လူကြီးများက အဆိုပါနေ့ကို ပအိုဝ်းအမျိုးသားနေ့ဟု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

 ပအိုဝ်းနှစ်သစ်ကူးအကြိုညတွင် စင်တင်တေးဂီးတဖျော်ဖြေပွဲများ၊ ပျော်ပွဲရွှင်များကိုထည့်သွင်းကျင်းပခဲ့ပြီး ပအိုဝ်းနှစ်သစ်ကူးနေ့ နံနက်ပိုင်းတွင် ဆရာတော်သံဃာတော်အပါး ၄၀၀ ခန့်အား သာမညကျေးရွာတွင် အာရုံဆွမ်းဆက်ကပ်လှူဒါန်း၍ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ကာ ပအိုဝ်းနှစ်သစ်ကူးအခမ်းအနားကိုကျင်းပသည်။

 အခမ်းအနားတွင် သဘာပတိအဖြစ် ရေပူတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တကောဝိဒနှင့် ဆရာတော်များကဆောင်ရွက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဦးခွန်မျိုးတင့်၊ မွန်တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 ယနေ့ကျင်းပသည့် ပအိုဝ်းနှစ်သစ်ကူးနေ့သည် ကရင်ပြည်နယ်တွင် စတုတ္ထအကြိမ်ကျင်းပသည့် နှစ်သစ်ကူးနေ့ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် အခြားမြို့နယ်များမှ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ အခြားသောတိုင်းရင်းသားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,