ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် နေအိမ် မီးလောင်မှု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 30, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင်  ပိုင်ရှင် ဦးသိန်းဇော်၏ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်၌ ရေမော်တာဖြင့်ရေတင်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်း၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ နတ္တလင်းမြို့နယ်မီးသတ်စခန်း၊ ဇီးကုန်းမြို့နယ်မီးသတ်စခန်းနှင့် သဲကုန်းမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း မီးသတ်ယာဉ် ၂၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

      အဆိုပါ မီးလောင်မှုကြောင့် ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် လေးလုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တစ်ထပ် နေအိမ် တစ်လုံး၊ ၃၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ဂိုဒေါင် တစ်လုံး စုစုပေါင်း နေအိမ် ငါးလုံးနှင့် ဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ပိုင်ရှင် ဦးသိန်းဇော်အား ပေါင်းတည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

   

HOT NEWS
January 4,