ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / June 24, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေး ယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ဇရစ်စမ်းကျေးရွာ၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ချောစု(၄၁)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့လှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဖဲရိုက်လောင်းကစား ပြုလုပ်နေသည့် ဒေါ်ချောစုနှင့် ဦးဖိုးလုံး(၄၅)နှစ်ပါ အမျိုးသား ငါးဦးအား ဖဲလောင်းကစားရာတွင်အသုံးပြုသည့် ဆပ်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ချောစုပါ ခြောက်ဦးအား မြို့လှနယ်မြေရဲစခန်း (ပ)၂၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိပါသည်။