ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ “သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ “သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / March 28, 2024


(၂၈-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ ဒေသခံများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စီမံကိန်းကာလ ၂ နှစ် ၆ လသတ်မှတ်၍ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တော သယံဇာတများအား လက်ရှိနှင့် နောင်အနာဂတ် မျိုးဆက်များအတွက် စဉ်ဆက်မပြတ်ဖြည့်ဆည်း ပေးနိုင်ရေးနှင့် သစ်တောများ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသား သစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်းအရ ဧရိယာ ဧက ၂.၂၇ သန်း တည်ထောင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ဧရိယာ ဧက ၁.၁၆ သန်း ကျော်အား သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ကို အခြေခံသော လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးဖြစ်ထွန်းစေရေးအတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန်မှာကြားသည်။

ထို့နောက် စီမံကိန်းအတွင်း သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်အပေါ် အခြေခံသည့်ဆောင်ရွက်ချက်များကို စီမံကိန်းတာဝန်ရှိသူများက လည်းကောင်း၊ စီမံကိန်းဆိုင်ရာ လေ့လာဆန်းစစ်ချက် ရလဒ်များကို ကျွမ်းကျင်ပညာရှင်များကလည်းကောင်း၊ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများကို ဒေသခံ ပြည်သူများကလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ ဗဟုသုတအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအပေါ်မူတည်၍ ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးကြသည်။

HOT NEWS
January 4,