ဗိုလ်မြတ်ထွန်းတံတားရေလမ်း ပြောင်းလဲသတ်မှတ်

ဗိုလ်မြတ်ထွန်းတံတားရေလမ်း ပြောင်းလဲသတ်မှတ်


Ministry of Information/ Naypyitaw / April 23, 2024
image_latest


နေပြည်တော် ဧပြီ ၂၂

ဗိုလ်မြတ်ထွန်းတံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကို ရေလယ် တိုင်အမှတ် (၁၄) နှင့် (၁၅) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကို ရေလယ်တိုင်အမှတ် (၁၃) နှင့် (၁၄) အကြားမှလည်းကောင်း သတ်မှတ်ပေးထားသည်။ ယခုအခါ ရေလမ်းကြောင်း အခြေအနေအရ တံတားရေလမ်းကြောင်းကို ဧပြီ ၂၅ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၁) နှင့် (၁၂) အကြားမှလည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၀) နှင့် (၁၁) အကြားမှလည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ ပေ ၃၆၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၅၅ ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါအနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည်။

တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်သတင်း ထုတ်ပြန်ထားသည်။

သတင်းစဉ်

HOT NEWS
January 4,