ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၌ စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၌ စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 02, 2024

ဘားအံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၌ စိုက်ပျိုးသီးနှံများအချိန်မရွေး စိုက်ပျိုးရေရရှိစေရန်ရည်ရွယ်၍ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြအနေများကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင်မှ ဦးစီးအရာရှိ (နည်းပညာ)ဒေါ်နန်းအဲဖော်အွာနှင့် ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ဝင်းကျန်ကျေးရွာ၌ စိုက်ပျိုးရေရရှိရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများအား မှာကြားသည်။
ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၂၆ ဒသမ ၆၃၇ သန်းဖြင့် ဝင်းကျန်ကျေးရွာ၌ အကျယ် ၄လက်မခွဲ၊ အနက်ပေ ၂၀၀ စက်ရေတွင်း ၁ တွင်းတူးဖော်ခြင်း၊ 3 HP Submersible Pump တပ်ဆင်ခြင်းနှင့် ဆိုလာ 410 W ၁၃ ချက်(5.33 KW) တပ်ဆင်ခြင်းလုပ်ငန်းများကို ဌာနကော်မတီမှ ဇွန်လ တတိယအပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါကျေးရွာရှိ စိုက်ဧက ၂၀ အတွက် စိုက်ပျိုးရေများ လုံလောက်စွာရရှိနေပြီဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံမှ သိရသည်။
