ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2025
ဘိုကလေး ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှုများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၃ ရက်တွင် ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
မိုးစက်(ဘိုကလေး)
