မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှု

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 24, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အိမ်ရှင် ဦးကျော်ဇင်ဝင်း၏ ၁၀x၁၅ ပေ၊ ထန်းရွက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်နေအိမ်၌ မီးဖိုမှတစ်ဆင့် အနီးရှိ ထန်းလက်အကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းနှင့် ပခန်းကြီးနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် ၁၀x၁၅ ပေ၊ ထန်းရွက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်နေအိမ် ၁၉ လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် ငါးလုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ် နေအိမ် နှစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်းနေအိမ် ၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးကျော်ဇင်ဝင်းအား ပခန်းကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,