မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေမင်္ဂလာရပ်၊ မင်းဘူး-ဆင်ခေါင်း လမ်းဘေး၌ သစ်ကိုင်းပဲ့ကျမှုဖြစ်ပွားရာတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေမင်္ဂလာရပ်၊ မင်းဘူး-ဆင်ခေါင်း လမ်းဘေး၌ သစ်ကိုင်းပဲ့ကျမှုဖြစ်ပွားရာတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / June 01, 2025


     ၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေမင်္ဂလာရပ်၊ မင်းဘူး-ဆင်ခေါင်းလမ်းဘေးတွင် ပိတောက်ပင်ရှိ လုံးပတ် ၇ ပေခွဲ၊ အမြင့် ၇၀ ပေခန့်ရှိ ပိတောက်ကိုင်းသည် ခွဆုံမှပဲ့ကျနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,