မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / June 01, 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာ ရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သား ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် ည ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကြက်သကိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မင်းတဲကျေးရွာ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက် PDF ၅၀ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူအား အမြန်ဆုံး ပြန်လည် ကယ်တင်နိုင်ရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။