မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိ


Ministry of Information/ Naypyitaw / March 15, 2022
image_latest


နေပြည်တော်  မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ပိတောက်လမ်းနှင့် သိပ္ပံလမ်းကြား၌ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မိုင်းစထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိရသဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည့် အခြေအနေနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်တွင် ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မိုင်းစထိမှန် ဒဏ်ရာ များရရှိထားသည့် အမျိုးသား ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပြည်ကြီးတံခွန် မြို့နယ်၊ အရာတော်ရပ်ကွက်နေ ဇွဲဝဏ္ဏထွန်း(၁၇)နှစ် (ဘ)ဦးဖိုးရီနှင့် ရဲဘော်စိုက်ကွင်း ရပ်ကွက်နေ အေးမောင်မောင် (၂၇)နှစ် (ဘ)ဦးမောင်မောင်တို့ ၂ ဦးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ ၎င်းတို့၏ ထွက်ဆိုချက်များအရ ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် အရာတော် ရပ်ကွက်နေ မျိုးမင်းဦး(၂၀)နှစ် (ဘ) ဦးမောင်ဦး၊ စက်မှု(၁)ရပ်ကွက်နေ ဟိန်းစိုး(ခ)ရေခဲ (၂၀)နှစ်နှင့် အရာတော်ရပ်ကွက်နေ ပေါက်စ (ခ)ယာယာ(၂၀)နှစ်တို့ ၅ ဦးသည် သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့်ရှိ CCTV ပုံးအား မိုင်းထောင် ဖောက်ခွဲရန် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာစဉ် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအရောက်၌ ဟိန်းစိုး (ခ)ရေခဲက လွယ်အိတ်အတွင်း သယ်ဆောင်လာသည့် လက်လုပ်မိုင်းအား ထုတ်ယူစဉ် ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဟိန်းစိုး(ခ)ရေခဲနှင့် မျိုးမင်းဦးတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇွဲဝဏ္ဏထွန်းနှင့် အေးမောင်မောင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာ များအသီးသီးရရှိခဲ့ကာ ပေါက်စ(ခ)ယာယာတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ ထို့နောက် ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် ပေါက်စ(ခ) ယာယာတို့ ၃ ဦးမှာ အခင်းဖြစ်နေရာမှ ဆိုင်ကယ် ၁ စီး ဖြင့် ထွက်ပြေးခဲ့ရာ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကန်ပတ်လမ်းတာရိုးပေါ်အရောက် ဇွဲဝဏ္ဏထွန်းနှင့် မောင်မောင်အေး တို့မှာ ဒဏ်ရာများကြောင့် ဆိုင်ကယ် မစီးနိုင်သဖြင့် လှဲနေစဉ် ဧရာမေတ္တာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ရှိသည့်အချိန်တွင် ပေါက်စ(ခ)ယာယာမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများအား သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးတိမ်း ရှောင်တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,