မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 23, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်နေ အိမ်ရှင် ဒေါ်မြသန်းနု၏ ၃၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်နံကပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်၌ ရေခဲသေတ္တာ Safe Guard အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် သဲတောနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီတွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် ၃၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်နံကပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်မြသန်းနုအား ဝမ်းတွင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,