မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းပေါ်ရှိ ကျောက်စရစ်ကုန်း တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းပေါ်ရှိ ကျောက်စရစ်ကုန်း တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / October 31, 2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းပေါ်ရှိ ကျောက်စရစ်ကုန်း တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့်  ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။


     PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လျက်ရှိပါသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းပေါ်ရှိ ချောင်းမကြီးချောင်းအား ဖြတ်သန်းဆောက်လုပ်ထားသည့် ကျောက်စရစ်ကုန်း(တောင်)ကျေးရွာနှင့် ကျောက်စရစ်ကုန်း (မြောက်)ကျေးရွာတို့အား ဆက်သွယ်ထားသော ကျောက်စရစ်ကုန်းတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အရှည် ၃၆၀ ပေ၊ အကျယ် ၃၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား တံတားတွင် တံတားအရှည် ၆၅ ပေခန့် ကျိုးကျပျက်စီး ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

     PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက ဒေသတွင်း ကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူ့အခွင့်အရေးများစွာ ဆုံးရှုံးအောင် လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူများက သိရှိနားလည်သဘောပေါက် လာကြပြီဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့် သက် ဆိုင်ခြင်းမရှိသည့် ကျောက်စရစ်ကုန်းတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေ ဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,