မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူ
Ministry of Home Affairs/ နေပြည်တော် / November 03, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မုတ်ပုလဲကျေးရွာ လမ်းမပေါ် အရောက်၌ အဆိုပါကျေးရွာနေ ချစ်သူဝင်း(၂၂)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခါးကြားအတွင်းမှ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် ချစ်သူဝင်း အား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၁၆၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
                            
                                