မအူပင်မြို့နယ် ရတနာတိုးစိုက်/ထွေသမဝါယမအသင်းက အသင်းသားများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်

မအူပင်မြို့နယ် ရတနာတိုးစိုက်/ထွေသမဝါယမအသင်းက အသင်းသားများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်


Ministry of Cooperatives and Rural Development/ Naypyitaw / July 11, 2023
image_latest


မအူပင်၊ ဇူလိုင် ၁၁

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ကုန်းတန်းကြီးကျေးရွာ ရတနာတိုးစိုက်/ထွေ သမဝါယမအသင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ် တင်မြှောက်ခြင်းကို အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသင်းသူအသင်းသားများ တက်ရောက်ခဲ့သည်။

          အစည်းအဝေးတွင် အသင်းသားများအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၈၃၂၈၁၂၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် အသင်းပိုင်ငွေမှ အသင်းသား ၄၉ ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၄၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၂၀၅၀၀၀၀ အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

HOT NEWS
January 4,