မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့ ဗီယက်နမ်နိုင်ငံ၌ပြုလုပ်သည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ်-တေးဂီတဖလှယ်ရေးအစီအစဉ်-၂ဝ၂၄ အခမ်းအနားသို့ တက်ရောက်

မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့ ဗီယက်နမ်နိုင်ငံ၌ပြုလုပ်သည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ်-တေးဂီတဖလှယ်ရေးအစီအစဉ်-၂ဝ၂၄ အခမ်းအနားသို့ တက်ရောက်


Ministry of Information/ Naypyitaw / December 23, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပမည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် (Military Music Exchange-2024) သို့ ဝင်ရောက်ဖျော်ဖြေရန် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်တင်ဇော်လတ်ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာရာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးကြသည်။

အဆိုပါ နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟံနွိုင်းမြို့ရှိ Imperial Citadel of Thang Long ၌ ကျင်းပပြုလုပ်ရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဗိုလ်ချုပ်ကြီး Nguyen Tan Cuong (Member of the.Party Cenetral Committee ၊ Member of the Central Military Commission ၊ Chief of the General Staff of the Vietnam People's Army ၊ Deputy of Minister of National Defence)မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိမ်ရှင်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ စစ်တီးဝိုင်းအဖွဲ့(၁၁)ဖွဲ့နှင့် အတူတက်ရောက်ခဲ့သည်။ မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် Imperial Citadel of Thang Long ခံတပ်တွင်အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ မြန်မာပြည်သား၊ Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။

ထို့နောက် ကျန်အဖွဲ့များနှင့်အတူ ခံတပ်မှသတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်း လီနင်ရုပ်ထုသို့အထက်ပါ စစ်ချီသီချင်းများဖြင့် ချီတက်ဖျော်ဖြေရာ ဗီယက်နမ်ပြည်သူများက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။

မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ဟနွိုင်းမြို့၊ Long Bein ခရိုင် Gai Lam Airport ၌ ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံတကာကာကွယ်ရေးပြပွဲ (Vietnem Defence Expo 2024)တွင် နိုင်ငံတကာမှ စစ်တီးဝိုင်းအဖွဲ့(၅)ဖွဲ့နှင့် အိမ်ရှင်ဗီယက်နမ် ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့(၆)ဖွဲ့နှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့ပြင် မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ညပိုင်းတွင် ဟနွိုင်းမြို့လယ်ရှိ Sword Lake ရေကန် ပတ်လမ်းတစ်လျှောက်တွင် ဖိတ်ကြားထားသော နိုင်ငံတကာမှ စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ လမ်းလျှောက်ချီတက်ကာသတ်မှတ်ပေးထားသော နေရာ(၄)နေရာတွင် အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အာင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ မြန်မာပြည်သား၊ The Ballad of Ho Chi Minh Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ပြည်သူများမှ တစ်ခဲနက်လိုက်လံသီဆိုအားပေးခဲ့ကြသည်။

ဒီဇင်ဘာ၂၂ ရက်နေ့ညပိုင်းတွင် ဟနွိုင်းမြို့ရှိ Military History Museum ၌ နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ပိတ်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် နိုင်ငံတကာတပ်မတော်များမှ စစ်တီးဝိုင်းအဖွဲ့များနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းများနှင့်အတူ အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ စည်းလုံးချင်းအတွက်သီချင်း တစ်ပုဒ်၊ Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia (Deputy Cheif of the General Staff of the Vietnam People's Army ၊ Head of the Organization Committe of the Military Music Exchange)မှ ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။

နိုင်ငံတကာတေးဂီတဖလှယ်ရေးအစီအစဉ် (Military Music Exchange -2024) သို့ဝင်ရောက်ဖျော်ဖြေခဲ့သော မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်တင်ဇော်လတ် ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်တွင် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ရှိ နိုဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် ၀၉ ၅၀ အချိန်တွင် ပြန်လည်ထွက်ခွာလာရာ မြန်မာနိုင်ငံဆိုင်ရာ (ကြည်း/ ရေ/ လေ) စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်နှင့် အဖွဲ့များက လိုက်လံပို့ဆောင်နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံနေပြည်တော်လေဆိပ်သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,