မြိတ်မြို့နယ် ကဘင်းကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မြိတ်မြို့နယ် ကဘင်းကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး


Ministry of Cooperatives and Rural Development/ Naypyitaw / December 02, 2024
image_latest


မြိတ် ဒီဇင်ဘာ ၁

     တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာ၌ မြိတ်-ထားဝယ်ကားလမ်းမှ ကဘင်းကျေးရွာ အဝင်လမ်းကို ဒေသခံပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးထံမှ သိရသည်။

     ကဘင်းကျေးရွာ အဝင်လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေ ၁၈၄ ဒသမ ၃ သန်းဖြင့် ရွာအဝင်လမ်း နှစ်မိုင်ရှိသည့်အနက် မူလကတ္တရာလမ်း ပျက်စီးနေသော လေးဖာလုံလမ်းအပိုင်းကို ကွန်ကရစ်လမ်း အကျယ် ၁၂ ပေ၊ ကွန်ကရစ်ထု ၇ လက်မ လမ်းခင်းခြင်းလုပ်ငန်းကို ပုလဲရွှေပြည်ကုမ္ပဏီမှ တာဝန်ယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

   အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို တနင်္သရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခိုင်ထူး(ပြန်/ဆက်)