ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ


Ministry of Home Affairs/ Nay Pyi Taw / June 12, 2025


    ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုလမ်းဆုံ၌ တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တွံတေးမြို့မှ ဒလမြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာနေ မြင့်ထွေး(၅၂)နှစ် မောင်းနှင်လာသည့် YGN-10/3L-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်နှင့် နံနက် ၁၁ နာရီတွင် တွံတေး-လှိုင်သာယာကားလမ်းအတိုင်း လှိုင်သာယာမြို့မှ တွံတေးမြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာနေ ဇော်မြင့်နိုင်(၅၁)နှစ် မောင်းနှင်လာသည့် YGN-13/6H-XXXX  HONDA FIT အမဲရောင်မော်တော်ယာဉ်အားလည်းကောင်း။
    အလားတူ ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်၊ ပစောက်ကွေ့ရဲကင်းစခန်းရှေ့၌ ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရပ်စောက်မြို့မှ ရွှေညောင်မြို့သို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ ရန်နိုင်ဦး(၃၅)နှစ် မောင်းနှင်လာသည့် MDY-13/5H-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မြင့်ထွေး၊ ဇော်မြင့်နိုင်နှင့် ရန်နိုင်ဦးတို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။