ရပ်စောက်၌ မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူများ အခက်အခဲမရှိစေရေး သွင်းအားစုများထောက်ပံ့ပေးအပ်

ရပ်စောက်၌ မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူများ အခက်အခဲမရှိစေရေး သွင်းအားစုများထောက်ပံ့ပေးအပ်


Ministry of Cooperatives and Rural Development/ Naypyitaw / June 17, 2024
image_latest


ရပ်စောက် ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့မှ မေတ္တာမွန်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းသား တောင်သူ(၂၃)ဦးတို့၏ (၁၀၅)ဧကအတွက် (၂၁၀)သိန်းနှင့် ညီမျှသော သွင်းအားစုများထောက်ပံ့ ပေးအပ်ခြင်းကို ဇွန် ၁၃ရက်က ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

သွင်းအားစုများပေးအပ်ပွဲသို့ ရပ်စောက်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့် အမှုဆောင်များ အသင်းသားတောင်သူ များ တက်ရောက်ခဲ့ပြီး မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး စပါးတစ်ဧကတွင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများနှင့် မြို့နယ်သမဝါယမ အသင်းစုမှ ထုတ်လုပ်သောစွမ်းထက်သဘာဝမြေဩဇာများကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိ အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနတာဝန်ရှိသူထံမှ သိရ သည်။

ဆုမွန်(ပြန်/ဆက်)

ရှမ်းပြည်နယ်