ရမည်းသင်းမြို့နယ်ရှိ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်

ရမည်းသင်းမြို့နယ်ရှိ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်


Ministry of Information/ Naypyitaw / July 08, 2025
image_latest


နေပြည်တော် ဇူလိုင် ၇

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော ရမည်းသင်းမြို့နယ်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပေးအပ်ခဲ့

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ အာမခံအလုပ်သမား ၈၀၃ ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၆၈ ဒသမ ၅၉၆ သန်းကိုလည်းကောင်း၊ မန္တလေးငလျင်ကြီးဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့သူ ကိုးဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေကျပ် ၁၂၇၆ ဒသမ ၈၇၅ သိန်းကို ၎င်းတို့၏ကျန်ရစ်သူ မိသားစုများထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်