ရုပ်ရှင်အနုပညာရှင်များ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ရုပ်ရှင်အနုပညာရှင်များ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / September 18, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီနေတိုးအပါအဝင် အနုပညာရှင်အဖွဲ့သားများသည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရေးကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရေဘေးဒဏ်ခံခဲ့ရသည့် တပ်ကုန်းမြို့အနီးပတ်ဝန်းကျင်မှ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ဝါဝါအောင်၊ အကယ်ဒမီ အောင်ခိုင်နှင့် သရုပ်ဆောင် မိုးစက်တို့အဖွဲ့သည် နေပြည်တော် တပ်ကုန်းမြို့ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည့် ချမ်းမြေ့မြိုင်ရိပ်သာကျောင်းနှင့် မဟာဇနကစာသင်တိုက်များသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။           

သတင်းစဉ်