ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်းတွင် နေအိမ် မီးလောင်မှု
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်းတွင် နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / May 22, 2023
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်း၊ အိမ်အမှတ်(၃၁၄)တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ ၁၈၃၆ အချိန်ခန့်က ပိုင်ရှင် ဦးသန်းမောင်၏ ၃၀x၂၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း ၂ ထပ်နေအိမ်၏ အပေါ်ထပ်တွင် မီးပလပ်ခုံဖြင့် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်မီးသတ်စခန်းနှင့် တောင်ကြီးမြို့နယ်မီးသတ်စခန်း တို့မှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၆ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၈၅၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂ ထပ်နေအိမ်၏ အပေါ်ထပ်နှင့် လူသုံးကုန်ပလတ်စတစ်ပစ္စည်း အဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းမောင်အား တောင်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

