ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မဟာရဋ္ဌဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မဟာရဋ္ဌဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / May 21, 2025


      ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ ပင်လုံမြို့၊ မဟာရဋ္ဌဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တ ပုညနန္ဒ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ တက်ရောက်ခဲ့ပြီး  ထင်းရှူး ၉၄ ပင်၊ စိန်ပန်းပြာ ၇၅ ပင်၊ ခရေ ၄၀ ပင်နှင့် ချယ်ရီ ၁၄၁ ပင်၊ စုစုပေါင်း ၃၅၀ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။