ဝါသီးနှံမှ ဝါဂွမ်းနှင့် ချည် ပိုမိုထုတ်လုပ်ရေးနှင့် ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဝါသီးနှံမှ ဝါဂွမ်းနှင့် ချည် ပိုမိုထုတ်လုပ်ရေးနှင့် ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / March 07, 2025
image_latest


နေပြည်တော် မတ် ၆

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါဂွမ်းများအနက် ပြည်တွင်းသုံးစွဲ၍ ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်‌ထောင်စုဝန်ကြီး ဦးထွန်းအုံက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဝါသီးနှံစိုက်ပျိုးရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရန်၊ ဝါသီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရန်၊ ဝါဂွမ်းနှင့်ချည်ကို ပိုမိုထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းသုံးပြီး ပိုလျှံပါက နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ တင်ပို့နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုလျာထားချက်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၆၄၅၇၁၂ ဧကနှင့် ၅၃၉၆၅၆ တန်ထွက်ရှိရန် လျာထားသည်ဟုသိရကြောင်း၊ ဝါဂွမ်းတင်ပို့နိုင်ရေးအတွက် အစိုးရ - ပုဂ္ဂလိကကဏ္ဍများမှ ပူးပေါင်း၍ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကြိုးစားအကောင်အထည်ဖော်

တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှ တက်ရောက်လာကြသူများအနေဖြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ပို့ကုန်ဈေးကွက်များ ရှာဖွေမြှင့်တင်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် မျှတသည့် ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ရန် သက်ဆိုင်ရာအစိုးရဌာနနှင့် အသင်းအဖွဲ့များအားလုံးက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ကြိုးစားအကောင်အထည်ဖော်ကြရန် ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,