သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲ ကျင်းပ
သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / October 31, 2025
 
ရန်ကုန် အောက်တိုဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ingo PEACE.(Japan) တို့ပူးပေါင်း၍ သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့စစ်ဆေးခြင်းနှင့် ကုသခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌများ၊ တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်ယဉ်ထွန်းနှင့် ဆရာ ဆရာမများ၊ ingo PEACE.(Japan) မှ ဒေါက်တာ ပီတာငွန်ဇကျုံးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက နှုတ်ခွန်းဆက်စကားနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကုသမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌတို့က နှုတ်ခွန်း ဆက်စကားပြောကြားကြသည်။
ယင်းနောက် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာယဉ်ယဉ်ထွန်းက သားအိမ်ခေါင်းကင်ဆာ စမ်းသပ်စစ်ဆေးခြင်း ကုသပေးခြင်းအား ရှင်းလင်း တင်ပြပြီး ingo PEACE.(Japan) မှ ဒေါက်တာပီတာငွန်ဇကျုံးက ကျေးဇူးတင်စကား ပြောကြား သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး လေးထပ်တိုးချဲ့ဆောင်တွင် သားအိမ်ခေါင်းကင်ဆာစမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ယနေ့မှစတင်၍ နိုဝင်ဘာ ၇ ရက်အထိ အမျိုးသမီးဦးရေ ၅၀၀ ခန့်ကို အပတ်စဉ် ကြာသပတေး၊ သောကြာနေ့များတွင် အခမဲ့ စစ်ဆေး၊ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
 
                             
                                
