အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 04, 2025
မင်္ဂလာပါခင်ဗျာ
မြန်မာပြည်သူ တိုင်းရင်းသားများအားလုံးအချင်းချင်း အပြန်အလှန်နားလည်မှု များနှင့်အတူ စစ်မှန်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဘဝများ မြင့်မားတိုးတက်နိုင်ခြင်းများနဲ့ ပြီးပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ။
ကျွန်တော်ကတော့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဦးကြည်လွင် ဖြစ်ပါတယ်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ်၊ မေလ(၁၆) ရက်နေ့မှာ စတင်ထူထောင်ခဲ့ပြီး နိုင်ငံရေးပါတီ မှတ်ပုံ တင်အမှတ်ကတော့ (၁၅)ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ ကျွန်တော်တို့ဒေသနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ လိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာနေထိုင်ကြတဲ့ ညီအစ်ကိုတိုင်းရင်းသားများကြားမှာ အပြန်အလှန် နားလည်တတ်၊ လေးစားတတ်တဲ့ စိတ်ဓာတ်တွေနဲ့တစ်ဦးချင်း၊ တစ်စုချင်းအလိုက် စိတ်ဓာတ်အရည်အသွေး စွမ်းရည်တွေမြင့်တက်လာစေဖို့ ဖြစ်ပါတယ်။ အဲဒီလိုမြင့်တက်လာတဲ့ စွမ်းရည်တွေ၊ အရည်အချင်းတွေနဲ့ မြန်မာတစ်နိုင်ငံလုံးက လိုလားဖော်ဆောင်ကြိုးစားနေတဲ့ နိုင်ငံတော်ဘက်စုံ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်မည့် လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ... အောင်မြင်အောင် ပေးဆပ်ဆောင်ရွက် သွားချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ကျွန်တော်တို့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းတည်ထောင် ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့နိုင်ငံရေးစင်မြင့်မှာ ကျွန်တော်တို့ အင်းသားလူမျိုးများရဲ့ နိုင်ငံရေးအရ နေရာကလေးတစ်ခု ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရကြည့်ရင် ပြည်ထောင်စုတည်ဆောက်ရေးရဲ့ အဓိကအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ဖြစ် မြောက်ရေးအတွက် ကျွန်တော်တို့ အင်းသားလူမျိုးခေါင်းဆောင်တွေရဲ့ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍဟာ ထင်ထင်ရှားရှား ပဲဖြစ်ခဲ့ပါတယ်။ သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ အင်းသားလူမျိုးစုကို ကိုယ်စားပြု တဲ့ပါတီက ကိုယ်စားလှယ်တွေ ရွေးချယ် တင်မြှောက်ခြင်း မခံရသည့်အတွက် ဒီကာလအတွင်းမှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ (၃)ကြိမ် ကျင်းပခဲ့သော်လည်း ကျွန်တော်တို့ အင်းသားလူမျိုး ကိုယ်စားပြုတဲ့ ပါတီအနေနဲ့ရော၊ အင်းသားလူမျိုးစုအနေနဲ့ရော တက်ရောက် ရန်ဖိတ်ကြားခြင်း မခံရတဲ့အတွက် ဒီအရေးကြီးတဲ့ ညီလာခံမှာ ကျွန်တော်တို့ အင်းသားလူမျိုးစုအနေနဲ့ ပါဝင်ဆွေးနွေးတင်ပြခွင့်ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အင်းသားလူမျိုးစုတွေအနေနဲ့ ၂၀၂၅ ရွေးကောက် ပွဲအလွန်ကာလ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ ပါဝင်နိုင်ရေးအတွက် ကျွန်တော်တို့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကလွှတ်တော် ကိုယ်စားလှယ်တွေကို ထောက်ခံရွေးချယ်ပေးဖို့ မလွဲမသွေလိုအပ်နေပါပြီ။ လွှတ်တော်ကိုယ်စားလှယ်နေရာများ ရမှသာလျှင် ကျွန်တော်တို့ အင်းသား လူမျိုးတို့ကလည်း အခြားလူမျိုးများနဲ့အတူ တန်းတူရည်တူအားဖြင့် နိုင်ငံ့ အကျိုး၊ ဒေသအကျိုး၊ လူမျိုးအကျိုးများကို ပါဝင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် အလေးနက်ထားပြီး စဉ်းစားဆုံးဖြတ် ပေးကြပါလို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျာ။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ရည်ရွယ်ချက်များကတော့...
- ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ အင်းသားတိုင်းရင်းသားလူမျိုးများ အနေဖြင့် ပြည်ထောင်စုနှင့် ပြည်နယ် တိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေး။
- အင်းသားတိုင်းရင်းသားများနှင့် ညီနောင်တိုင်းရင်းသားများအားလုံး ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ လူမှုစီးပွားရေးဘဝများ စောင့်ရှောက်ထိန်းသိမ်းရန်နှင့် တိုးတက်မြင့်မားလာစေရန် ဦးဆောင် ဆောင်ရွက်နိုင်ရန်။
- အင်းလေးကန်ကြီး ထာဝရတည်တံ့ခိုင်မြဲစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး။
- ပြည်ထောင်စုတစ်ခုလုံး တစ်ပြေးညီ စည်းလုံးညီညွတ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အခြားပြည်ထောင်စု တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းပါဝင်လှုပ်ရှားသွားနိုင်ရေးတို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ.. အင်းသားများ တစ်စုတစ်ဝေးတည်းနေထိုင်သည့် အင်းလေးကန်တစ်ဝိုက်ကို အခြေတည်ပြီး အတူနေ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း၊ ဗမာ စတာတွေအားလုံး စုပေါင်းပါဝင်မှာ ဖြစ်သည့်အတွက် အင်းအမျိုးသား အဖွဲ့ချုပ်လို့ အမည်မှည့်တာဖြစ်ပါတယ်။
အဲဒီလိုဖွဲ့စည်းထားတဲ့အတွက် ဒေသတစ်ခုလုံး နယ်ပယ်အားလုံး၊ လူမျိုး အားလုံးရဲ့ အခက်အခဲလိုအပ်ချက် စတာတွေကို ပြည့်ပြည့်စုံစုံ အသေးစိတ် နားလည်သိရှိမှာ ဖြစ်ပြီးတော့ အားလုံးစုပေါင်းအဖြေရှာသည့် နည်းလမ်းကို အသုံးပြုဝေဖန်သုံး သပ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိရောက်အောင်မြင်သည့် ဆောင်ရွက်ချက်တွေဖြစ်မယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အင်းသားလူမျိုးဟာ လက်ရှိအခြေအနေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားလူမျိုးများနဲ့ လူဦးရေ၊ နေရာအကျယ်အဝန်းများဟာ အတူတူလောက်ပဲဆိုပေမယ့် ကျွန်တော်တို့ လူမျိုးကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရခဲ့သည့်အတွက် ဒေသခံများအတွက် ဘတ်ဂျက်၊ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အားနည်းခဲ့ရသလို ကလေးများရဲ့ ပညာသင်ကြားရေးဆိုင်ရာ မှာလည်း အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။ ဥပမာအားဖြင့် နယ်စွန်ဒေသ ပင်ကိုထူးချွန်မှုနဲ့ တက္ကသိုလ်ဝင်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သော်လည်း အမှတ်အနည်း ငယ်လိုတာနဲ့ အဆင့်မြင့်တက္ကသိုလ်ကို တက်ခွင့် မရတဲ့ ဆုံးရှုံးမှုတွေရှိပါတယ်။
ကျွန်တော်တို့ပါတီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မျက်မှောက်နှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တောင်ပေါ်မြေပြန့်တိုင်းရင်းသားများ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများခံစားရရှိသင့်သည့် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများကို နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲဖော်ဆောင် သွားဖို့ကို အလေးအနက်ရည်မှန်းထားရှိပါတယ်။
ဒေသတွင်းရှိ လူငယ်များဟာလည်း ခေတ်ပညာတတ်ဘွဲ့ရတွေ ပိုမိုများပြားလာသလို သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေဟာလည်းကြီးမား တဲ့စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ အလေးထား ဆောင်ရွက်သွားချင်တဲ့အပြင် လူငယ်တွေကို သမိုင်းအစဉ်အလာနဲ့လက်ရှိ ဘဝဖြစ်စဉ်တွေကို အပြန်အလှန်သုံး သပ်တွေးခေါ်စဉ်းစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံဖြတ်ကျော် ကျော်လွှားနိုင်တဲ့ ဘဝပညာများကိုလည်း လေ့လာ သင်ယူနိုင်အောင် ဆောင်ရွက်ချင်ပါတယ်။
အင်းသားတိုင်းရင်းသားများဟာ အင်းလေးကန်အတွင်းနဲ့ ဆက်စပ်နေရာများမှာ နေထိုင်ကြပါတယ်။ အားလုံးသိပြီးဖြစ် တဲ့အတိုင်း အင်းလေးကန်ကြီးဟာ ရေခန်းခြောက်လာခြင်းနှင့်အတူ ယိုယွင်းပျက်စီးမှုတွေဟာ ပိုပြီးဆိုးရွား လာနေပါတယ်။ အဲဒီဆိုးရွားတဲ့ အခြေအနေဟာ ဌာနေတိုင်းရင်းသားများရဲ့ လူမှုစီးပွားရေးကို အထူးထိခိုက်နစ်နာ စေပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ဆိုးရွားလှ သော ရေကြီးနစ်မြုပ်မှု၊ ၂၀၂၅ရဲ့ ငလျင်ဘေးဒဏ်၊ ရေကြီးနစ်မြုပ်မှု ဘေးဒဏ် စတာတွေဟာ ကျွန်တော်တို့ အင်းသားများရဲ့ အင်းလေးကန်နှင့် ဘဝများကို ပေါင်းစုကာကွယ်နိုင်ရေးအတွက် အရေးကြီးတဲ့ သဘာဝရဲ့အချက်ပေးသံတွေ အဖြစ် မြင်နိုင်ပါတယ်။ အင်းလေးကန်ထိန်းသိမ်းရေးဟာလည်း ကျွန်တော်တို့ ရဲ့ တာဝန်ဖြစ်သည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ပြည်သူများရဲ့လူမှုစီးပွားရေးမြှင့်တင်ရေးကို ဟန်ချက်ညီညီ ဖြစ်ထွန်းစေဖို့ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အထူးအားဖြင့် ကျွန်တော်တို့အင်းလေးဒေသ အင်းလေးကန်ရဲ့ထူးခြားတဲ့ မြေပြင်အနေအထားအရ ကျေးရွာများ၊ နေအိမ်များ၊ ကျွန်းမျောစိုက်ခင်းများဟာ ရေပေါ်မှာတည်ရှိနေပြီး တစ်စုံတစ်ရာသော အာမခံချက်များမရှိခဲ့ပါဘူး။ အဲဒီအတွက်နိုင်ငံတော်မှ ဥပဒေနှင့်အညီ တရားဝင်အသိအမှတ်ပြုမှုနဲ့အတူ အာမခံချက်များ ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ပါတီက ဦးဆောင်ညှိနှိုင်းကာ ပေါင်းစပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ယူနက်စကိုက လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) အဖြစ် အသိအမှတ်ပြုပြီးဖြစ်သည့်အတွက် အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးဟာ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။
အဲဒီလို အင်းလေးကန်ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူများရဲ့အကျိုး စီးပွားဖြစ်ထွန်းမှုကို ဟန်ချက်ညီဖို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည် စီးဆင်းရေးများအပြင် လယ်ယာနှင့် အင်းလေးဒေသရဲ့ အထူးစိုက်ပျိုးသီးနှံ ဖြစ်တဲ့ ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော်ညီသောနည်းလမ်း၊ တွက်ခြေကိုက်သောစနစ်များကို ပြုပြင်ဖော်ဆောင်နိုင် ဖို့အတွက် ပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဒေသခံများအနေဖြင့် တရား ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ မိမိတို့အင်းလေးကန်ကြီး အတွက် မိမိတို့ စိတ်ဓာတ်၊ စည်းကမ်း၊ ခွန်အား အသိတရားတို့ကို မလွဲမသွေ အပြည့်အဝ ပေးဆပ်ဆောင်ရွက်သွားရမည်ဟု အလေးအနက် ယုံကြည်ပါတယ်။
ထို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးယိုယွင်းမှုဒဏ်ကို အချိန်မီကုစားနိုင်ရန်အတွက် ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်၊ တာဝန် ရှိအဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးတို့၏ ဝိုင်းဝန်းကူညီမှုရရှိစေရေးနှင့် ရရှိသည့်အကူအညီများကို ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲ့အစည်းများက ထိရောက်စွာ အသုံးပြုနိုင်ရေး မိမိတို့ပါတီဝင်များအားလုံးက ဦးဆောင်ပါဝင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ဆောင်ရွက်မှုများမှာ အင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆောင်ရွက်နိုင်လျှင် ပိုမိုထိရောက်စွာဆောင် ရွက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်အင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နိုင်ရေးအတွက် လိုအပ်သောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုဥပဒေနှင့်အညီ တင်ပြညှိနှိုင်းကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အင်းလေးဒေသဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခရီးသွား ဒေသဖြစ်တဲ့အပြင် သဘာဝအခြေအနေအရ ကမ္ဘာကျော်ဒေသဖြစ်သည်နှင့် အညီနိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေအကောင်းဆုံးရဖို့နဲ့ ဒေသခံမိမိတို့ တိုင်းရင်းသားများကလည်း ခရီးသွားလုပ်ငန်းကိုအမှီပြုပြီး ဝင်ငွေတိုးတက် လာစေဖို့အတွက် အထူးအလေးပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျာ.....
ကျွန်တော်တို့အနေဖြင့် ခံစားမည့်သူ လူအများက အရည်အသွေး ပြည့်ပြည့် စိတ်ဓာတ်မြင့်မြင့်မားမားနှင့် လူမျိုး၊ ဒေသ၊ ပြည်နယ်နှင့် နိုင်ငံတော် အကျိုးကို ဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင် မယ့်အစီအစဉ်နှင့် လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ် တဲ့အတွက် ယုံကြည်စွာအားပေးချီးမြှောက်ကြလိမ့်မည်ဟုလေးစားစွာ ယုံကြည်မိပါကြောင်းတင်ပြရင်း အဆုံးသတ် ပါရစေ ခင်ဗျာ.....။
ကရဝိက်ကူး လာဝေါက်နောင်း
အဝါအဝိင်းကော် အဲင်းဆားတိင်း
မဲပေးကြနောင်း
အဝါအဝိင်းနောင်း အဝါအဝိင်း
မြန်မာ
ကရဝိက်ကြီး လာပါပြီ
အဝါရောင်အဝိုင်းကို အင်းသား
တိုင်းမဲပေးကြနော်
အဝါအဝိုင်းနော် အဝါဝိုင်း
ပါတီ၏သီချင်းစာသား
အင်းဆားတို့ရဲ့ အောင်ပွဲဆီသို့
(တူညီရမယ့်တို့ရဲ့ စိတ်ထားတွေ... ဝတ်ဆင်ရမယ့် ရိုးရာပင်နီတွေ.... အောင်မြင်ခြင်း ပန်းတိုင်အတွက် ရှေ့ရှုလို့ကိုယ်စီ ရာကျော် လူစီးတဲ့...လှေပြိုင်ပွဲတွေ...ရေပြင်လှိုင်းလုံးထက်မှာ လှေ လွှမ်းခြုံထားတဲ့
ဘာသာတရားတွေ... ကပ်လှူကြမယ့်.... ကြာသင်္ကန်းတွေ.. အစဉ်အလာတိုင်းရှိနေဆဲ ငြိမ်းချမ်းရာမြေ...ညီညာ စိတ်ထားနဲ့...အရင်းခံရင်းလေ..ဤမြေထက် ပန်းများဝေစေ) (ဒို့အင်းဆားများ...နဂါးမောက်လှေကိုစီး....လှေလှော်တဲ့ထုံး နှလုံးမူလို့....ကြင်နာတဲ့စိတ်ထားနဲ့ ဖြူစင်စွာ ရိုးသားတဲ့....
အင်းဆားများ... နဂါးမောက်လှေကိုစီး...လှေလှော်တဲ့စိတ် ညွှတ်ကိုင်းနိုင်စေ....ဇွဲမလျှော့တဲ့ အားမာန်ရယ် အလိုက်သင့် တဲ့ပညာရယ်....ညီညာစွာ လှော်ခတ်ကြမယ်....အောင်ပွဲလှေ)
(ဝေးနေနီးနေ...ဒို့အင်းဆားများ..စုပေါင်းညီညာစို့လေ....
လာခဲ့ကြဟေ့...စုလာကြဟေ့
နားလည်စွာ လက်တွဲလို့ ဖော်ဆောင်မယ်...အမျိုးသားရေး....တူညီဆန္ဒပြုကြမယ်) (တူညီရမယ့် တို့ရဲ့စိတ်ထား တွေ....ဝတ်ဆင်ရမယ့် ရိုးရာပင်နီတွေ...အောင်မြင်ခြင်းပန်းတိုင်အတွက် ရှေ့ရှုလို့ကိုယ်စီ ရာကျော်လူစီးတဲ့...လှေပြိုင် ပွဲတွေ...ရေပြင်လှိုင်းလုံးထက်မှာလှေ လွှမ်းခြုံထားတဲ့ ဘာသာတရားတွေ....ကပ်လှူကြမယ့် ...ကြာသင်္ကန်းတွေ... .အစဉ်အလာတိုင်းရှိနေဆဲ ငြိမ်းချမ်းရာမြေ....ညီညာစိတ်ထားနဲ့...အရင်းခံရင်းလေ....ဤမြေထက် ပန်းများဝေစေ) (ဒို့အင်းဆားများ...နဂါးမောက်လှေကိုစီး..လှေလှော်တဲ့ထုံး နှလုံးမူလို့....ကြင်နာတဲ့စိတ်ထားနဲ့ ဖြူစင်စွာ ရိုးသားတဲ့..... အင်းဆားများ....နဂါးမောက်လှေကိုစီး...လှေလှော်တဲ့စိတ် ညွှတ်ကိုင်းနိုင်စေ...ဇွဲမလျှော့တဲ့ အားမာန်ရယ် အလိုက်သင့်တဲ့ပညာရယ်...
ညီညာစွာ လှော်ခတ်ကြမယ်....အောင်ပွဲလှေ)
(ဝေးနေနီးနေ...ဒို့အင်းဆားများစုပေါင်းညီညာစို့လေ...
လာခဲ့ကြဟေ့...စုလာကြဟေ့
နားလည်စွာ လက်တွဲလို့ ဖော်ဆောင်မယ်...အမျိုးသားရေး...
တူညီဆန္ဒပြုကြမယ်) (ဒို့အင်းဆားတို့ရဲ့.............................အောင်ပွဲဆီသို့)၃
စည်းလုံးချိန်တန်ပြီ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
တော့အမျိုးဆားကိုယ်စားပြုမယ် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
လာပြီ လာပြီ အနာဂတ်ဆီသို့ အချိန်မီ အချိန်မီ လှမ်းခဲ့ကြပါစို့
တို့အင်းလေးကန်ကြီး မပျောက်ပျက်အောင် အင်းဆားတို့ရဲ့ တာဝန်ပဲမို့
ရေရှည်တည်တံ့စေဖို့ ရေရှည်ခိုင်မာစေဖို့ အင်းပါတီကို မဲပေးကြပါစို့
ဒီအင်းလေးက ... အလှအပတွေ ဒီအင်းလေးက သဘာဝတွေ ရေရှည် ထိန်းထားတို့အင်းဆား
အင်းဆားအလုပ် တို့အလုပ် အင်းဆားအရေးတို့အရေး တည့်တည့်တွေးကာ ... သွားဖို့ရာ သေသေချာချာ မဲပေးကြစို့
အင်းပါတီကို မဲပေးကြစို့
အင်းလေးဒေသ သဘာဝအင်းရေပြင်လည်းတည်ဖို့ အင်းရေပြင်လည်း ဘေးကင်းဖို့ တို့အမျိုးတွေ ဝန်းရံကြလို့ အင်းပါတီကို မဲပေးကြစို့...
ကြည်ကြည်သာသာဖြစ်ဖို့ရာ သွားပါစားပါ လက်ရေတပြင်တည်း ဖွဲ့စည်း လိုက်ပြီး အင်းပါတီအများသူငှါ မနှိမ်စားစေဖို့ အပြန်အလှန် ဆောင်ရွက်စေဖို့ (အင်းပါတီကို မဲပေးကြစို့) စိုက်ပျိုးရေးကို အခြေခံတာ တို့အင်းဆားတွေ ဝမ်းစာပဲမို့ ဦးဆောင်ပြီးတော့ လမ်းပြမှာ သေသေချာချာစိုက်ပျိုးစေဖို့ (အင်းပါတီကို မဲပေးကြစို့)
တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပညာရေးက အဓိကပါပဲ တန်းတူအခွင့်အရေး ရဖို့ရာ အင်းဝန်ကြီးမှာ အဓိက အင်းဆားကိုယ်စားပြုမည့် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ လာပြီ လာပြီ အနာဂတ်ဆီသို့ အချိန်မီ အချိန်မီ လှမ်းခဲ့ကြပါစို့ တို့အင်းလေးကန်ကြီး မပျောက်ပျက်အောင် အင်းဆားတို့ရဲ့ တာဝန်ပဲမို့ ရေရှည် တည်တံ့စေဖို့ ရေရှည်ခိုင်မာစေဖို့ အင်းပါတီကို မဲပေးကြပါစို့
ဒီအင်းလေးက အလှအပတွေ ဒီအင်းလေးက သဘာဝတွေ ရေရှည်ထိန်းထား တို့အင်းဆား အင်းဆားအလုပ် တို့အလုပ်အင်းဆားအရေး တို့အရေး တည့် တည့်တွေးကာသွားဖို့ရာ သေသေချာချာ မဲပေးကြစို့ အင်းပါတီကို မဲပေးကြစို့
အင်းလေးဒေသ သဘာဝအင်းရေပြင်လည်းတည်ဖို့ အင်းရေပြင်လည်း ဘေးကင်းဖို့ တို့အမျိုးတွေ ဝန်းရံကြလို့ အင်းပါတီကို မဲပေးကြစို့
ကြည်ကြည်သာသာဖြစ်ဖို့ရာ သွားပါစားပါလက်ရေတပြင်တည်း ဖွဲ့စည်း လိုက်ပြီး အင်းပါတီအများသူငှါ မနှိမ်စားစေဖို့ အပြန်အလှန် ဆောင်ရွက်စေဖို့ (အင်းပါတီကို မဲပေးကြစို့) စိုက်ပျိုးရေးကို အခြေခံတာ တို့အင်းဆားတွေ ဝမ်းစာပဲမို့ ဦးဆောင်ပြီးတော့ လမ်းပြမှာ သေသေချာချာစိုက်ပျိုးစေဖို့ (အင်းပါတီကို မဲပေးကြစို့)J
အင်းဆူအင်းဆား လူခဲများ ဦးဆောင်ပြုမည့် အင်းပါတီ၊ အမျိုးသားရေး လက်မနှေး မြှင့်တင်ပေးမည် အင်းပါတီ၊ စည်းလုံးအင်အားရှေ့ကထား ညီညွတ် စေမည် အင်းပါတီ၊ လိုတာဖြည့်ပေး ကျန်းမာရေး ထောက်ကူပြုမည် အင်းပါတီ၊ တို့အင်းဆားတွေ ညီစေဖို့ အင်းပါတီကို မဲပေးစို့၊ စိတ်ဓာတ်အင်အားမြှင့်တင်ဖို့ အင်းပါတီကို မဲပေးစို့၊ (အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ)၃
