အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပ

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / May 07, 2024
image_latest


နေပြည်တော် မေ ၆

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပထမမူကြမ်းပါအခန်းများ ဖွဲ့စည်းဆောင်ရွက်ထားမှုအခြေအနေကို ဖတ်ကြားတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက မူကြမ်းအပေါ် စိစစ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

HOT NEWS
January 4,