အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု
အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု
Ministry of Home Affairs/ နေပြည်တော် / March 18, 2020

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ ၁၇၀၀ အချိန်မှ ၁၇ ရက်နေ့ ၁၇၀၀ အချိန်ထိ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၄ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။