အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး


Ministry of Labour/ ရန်ကုန်တိုင်းဒေသကြီး / December 09, 2024


ရန်ကုန်                                                                                                                                                                                                                                            ဒီဇင်ဘာ  ၉

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက် စေရေးအတွက် ရှင်းလင်းမှာကြားပြီး မြစိမ်းရောင်စက်မှုဇုန်ရှိ Charis Co.,Ltd ပန်းပုစက်ရုံသို့ သွားရောက်ကာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများ နှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများကိုတွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

          နေ့လယ်ပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် အလုပ်သမားရေးရာကိစ္စ များနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဝါးတရာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော GTIG HUBO Co.,Ltd၊ Wellform Myanmar Co.,Ltd  နှင့် Sheng Mei Garnment Co.,Ltd သို့ ကွင်းဆင်းရောက်ရှိ၍ စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့ အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးတာဝန်ခံများကို တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေ  ရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီများသည် အလုပ်သမား ရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာ ချောင်ချိမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊

          CMP လုပ်ငန်းသာမက အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် SME လုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးလျက်ရှိရာ သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ်ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာပြီး အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှသာ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းပြီး  ကျန်းမာသန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်း သပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  လုပ်ငန်းခွင်သည် ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ များသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံအုပ်ချုပ်ရန် နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာ သက်ရောက်မှုရှိစေနိုင်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

HOT NEWS
January 4,