အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် သတင်းမှား၊ သတင်းတုများ၊ မဟုတ်မမှန်သတင်းများ၊ဥပဒေပြဋ္ဌာန်းချက်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ သတင်းမီဒီယာဆွေးနွေးပွဲသို့ MRTV မှ ဝန်ထမ်းများတက်ရောက်
အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် သတင်းမှား၊ သတင်းတုများ၊ မဟုတ်မမှန်သတင်းများ၊ဥပဒေပြဋ္ဌာန်းချက်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ သတင်းမီဒီယာဆွေးနွေးပွဲသို့ MRTV မှ ဝန်ထမ်းများတက်ရောက်
Ministry of Information/ နေပြည်တော် / July 03, 2020

နေပြည်တော် ဇူလိုင် ၂
အာရှ-ပစိဖိတ် ရုပ်သံထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း ( Asia-Pacific Institude For Broadcasting Development– AIBD) မှ စီစဉ်ကျင်းပသည့် သတင်းမှား၊ သတင်းတုများ၊ မဟုတ်မမှန် သတင်းများ ထုတ်လွှင့်နေမှုများအား တုံ့ပြန်ဖြေရှင်းခြင်းနှင့် နိုင်ငံတကာမှ ပြဋ္ဌာန်းထားသည့် Fake News ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ သတင်း မီဒီယာ သိနားလည်မှု ( Media and Information Literacy) ဆိုင်ရာ များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတင်းမီဒီယာဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ MRTV မှ ဝန်ထမ်းခြောက်ဦး ပါဝင် တက်ရောက်သည်။
ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ Political and Social Media Analyst မှ Dr.Sara Chinnasamy က အာရှ-ပစိဖိတ်ဒေသအတွင်း ထွက်ပေါ် နေသည့် သတင်းမှား၊ သတင်းတု များနှင့် ၎င်းတို့၏ သက်ရောက်မှုများ၊ Malaysian Communications and Multimedia Commission (MCMC) မှ Chairman, Dr.Fadhlullah Suhaimi Abdul Malek က Fake News တုံ့ပြန်ဖြေရှင်းခြင်းဆိုင်ရာ မလေးရှားနိုင်ငံ အတွေ့အကြုံများ၊ အင်ဒိုနီးရှားနိုင်ငံ UNESCO ရုံးချုပ်မှ Communication and Information Advisor Dr.Lim Ming Kuok က ဥပဒေများပြဋ္ဌာန်းခြင်းနှင့် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာများ၊ မလေးရှားနိုင်ငံမှ သုတေသနပညာ ရှင်များက AIBD မှ သုတေသနစစ်တမ်း ကောက်ယူထားသည့် Anti-Fake News Research အား ရှင်းလင်း တင်ပြခြင်းနှင့် ဟောင်ကောင် တက္ကသိုလ် Journalism and Media Studies Centre မှ တွဲဖက်ပါမောက္ခ Dr.Masato Kajimoto က ပြည်သူ လူထုပညာပေးခြင်းမှ တစ်ဆင့် သတင်းမှားများအား တုံ့ပြန်ဖြေရှင်း ခြင်းတို့အား ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်