ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလီမိတက်နှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလီမိတက်နှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / May 21, 2026
ပုသိမ် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းခန်းမ(၁)တွင်ပြုလုပ်သည့် ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande ကုမ္ပဏီလိမိတက်မှ လုပ်ငန်းသုံးယာဉ် အမျိုးမျိုးတပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အချိုမှုန့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းနှင့် Fortune Empire Holdings ကုမ္ပဏီလီမိတက်မှ အင်ဂျင်ဝိုင် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းတို့မှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းသုံးယာဉ်အမျိုးမျိုးတပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အင်ဂျင်ဝိုင် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းနှင့် အချိုမှုန့်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြမှုများနှင့် ဌာနဆိုင်ရာ များ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီး အတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းဒေသကြီး၏ GDP လည်းတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ကုန်ကြမ်းကိုများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
