၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Website နှင့် Mobile Application လွှင့်တင်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Website နှင့် Mobile Application လွှင့်တင်
Ministry of Information/ Naypyitaw / December 02, 2024
နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဦးတည်ချက် ၅ ရပ်ဖြင့် ဒီဇင်ဘာ ၂ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားနည်း လေးနည်းတို့ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဆိုင်ရာသမိုင်းကြောင်းများ၊ အားကစားနည်းအလိုက် သမိုင်းကြောင်းများ၊ ပြိုင်ပွဲ ပွဲစဉ်ဇယားများ၊ ပြိုင်ပွဲရလဒ်များ၊ သတင်းများ၊ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အများပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Website(https://www.thefifthnationalsports.gov.mm/) နှင့် Mobile Application တို့ကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ လွှင့်တင်ထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
