(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက် အဆင့် ၆ ရရှိ

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက် အဆင့် ၆ ရရှိ


Ministry of Information/ Naypyitaw / August 06, 2022
image_latest


ရန်ကုန် ဩဂုတ် ၅

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်တစ်ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် အလေးမအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် MANAHAN ကွင်း၌ ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ JATIDIRI ရေကူးကန်၌ ကျင်းပသည့် ရေကူးပြိုင်ပွဲ၊ UNS ကွင်း၌ ကျင်းပသည့် ဘောလုံးပြိုင်ပွဲနှင့် Solo Paragon Hotel ၌ ကျင်းပသည့် အလေးမပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားသံပြားပစ်ပြိုင်ပွဲတွင် အောင်ဘုန်းမြတ်က ရွှေတစ်ခု၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ တွင်အောင်ထွန်းလင်းက ငွေတစ်ခု၊ တင်ညိုက ကြေးတစ်ခု၊ အမျိုးသားမီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် နိုဇင်က ငွေတံဆိပ်တစ်ခု၊ အမျိုးသားမီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် အောင်ဖုန်း က ငွေတံဆိပ်တစ်ခု၊ ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုနှင့် အလေးမပြိုင်ပွဲတွင် မင်းဇော်ဝင်းက ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဗိုလ်မှူးချုပ်လှမိုးက အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းလွင်အားလည်းကောင်း၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(ဘဏ္ဍရေး၊ လေ့ကျင့်ရေး)ဦးဝင်းမြင့်နှင့် ပါမောက္ခဒေါက်တာသန်းသန်းဌေးတို့က သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ကစားသမားအားလည်းကောင်း၊ မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူးဦးထွန်းနိုင်ဦးက ကျန်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစား သမားများအားလည်းကောင်း အသီးသီးဆုချီးမြှင့်ပေးအပ်သည်။

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်းအားကစား အဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုနှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ အဆင့်ခြောက်ရရှိခဲ့ကြောင်း သိရသည်။

အာကာစိုး

HOT NEWS
January 4,