(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ကျင်းပ

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၄ ကျင်းပ


Ministry of Information/ Naypyitaw / April 26, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ တို့ကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် လီဂျန့်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင် ဒါရိုက်တာ၊ ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးတင်ပြ

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးများကို ဧပြီ ၂၃ ရက် တွင်ကျင်းပရာ မဲခေါင်ခရီးသွား ဝက်(ဘ်)ဆိုဒ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ လွှင့်တင်နေမှု၊ လူမှုကွန်ရက်များမှတစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်နေမှု၊ မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးအား မဟာမဲခေါင်ဒေသခွဲ အစိုးရများနှင့်ဆိုင်သော နိုင်ငံတကာအဖွဲ့အစည်းအဖြစ် တရားဝင်ရပ်တည်မှု အဆင့်အတန်းရရှိရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင်မှုသဘောတူ စာချုပ် (မူကြမ်း)အပေါ် အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆွေးနွေးညှိနှိုင်း

ဆက်လက်၍ ဧပြီ ၂၄ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်- ၂၀၂၄ ကို “ Visionary Journeys Redefining Tomorrow’s Travel” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Kimi Liua Xiaozhou က အဖွင့်အမှာစကားပြောကြားပြီး ယူနန်ပြည်နယ် CPC ကော်မတီဝင်များ၊ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက ကိုဗစ်-၁၉ အလွန် မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရာတွင် ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါင်းစည်းမှုများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ ရရှိနိုင်မှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ သို့ မဟာမဲခေါင်ဒေသ ခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ် စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပြီး မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်-၂၀၂၅ ကို လာအိုနိုင်ငံမှ ၂၀၂၅ ခုနှစ် မေလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်

HOT NEWS
January 4,