(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်


Ministry of Information/ Naypyitaw / September 15, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ် မစိုးရိမ်ဘုန်းကြီးကျောင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။

တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေအောင်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း စုစုပေါင်း ၆၁ ဦး တို့သည် (၆၁) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန်-ပြည်လမ်းဘေးရှိ မစိုးရိမ်ဘုန်းကြီးကျောင်းအတွင်း၌ ချုံနွယ်များ၊ မြက်ပင်များကို စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်