တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ တင်ဒါကော်မတီအစည်းအဝေး

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ တင်ဒါကော်မတီအစည်းအဝေး


/ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ / October 11, 2018


ထားဝယ်  အောက်တိုဘာ  ၁၁
(၁၁.၁၀.၂၀၁၈)ရက်နေ့ (၁၀၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ တင်ဒါကော်မတီအစည်းအဝေးအခမ်းနားကျင်းပပြုလုပ်ခဲ့ရာ တင်ဒါကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊  တင်ဒါကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး နှင့် တင်ဒါကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ တင်ဒါကော်မတီအစည်းအဝေးတွင် တင်ဒါကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံး၏ (၁/၂၀၁၇) ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအမျိုးအစားအလိုက် ပစ္စည်း အရည်အသွေးများကောင်းမွန်စေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နှောက်နှေးကြန့်ကြာမှုများမရှိစေရေးအတွက် သက်ဆိုင်ရာခရိုင်/မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးအဖွဲ့များဖြင့် တစ်ပတ်လျှင်တစ်ကြိမ် သတ်မှတ်ရက်အတွင်း  လုပ်ငန်းပြီး စီးမှုများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တင်ဒါ ကော်မတီအတွင်းရေးမှူး၊  တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးမှ  ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက် လာသော တင်ဒါကော်မတီအဖွဲ့များမှ  ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး  နိဂုံးချုပ်အနေဖြင့်  တင်ဒါ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က တင်ဒါလုပ်ငန် များနှင့် ပတ်သက်၍  ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးကို (၁၁၁၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

HOT NEWS
January 4,