တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ


The Supreme Court of the Union/ Naypyitaw / December 04, 2018


တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ၂ တွင် ယနေ့ နံနက် (၀၈:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်က အမှာစကားပြောကြားခဲ့ပါသည်။

         
ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်နှင့် တရားသူကြီး ဦးမျိုးဝင်းတို့က အထက်တန်းရှေ့နေ (၁၀၂) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် လက်ခံယူပြီးသူများက ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ရှေ့ မှောက်တွင် ကတိသစ္စာပြုခဲ့ကြပါသည်။