အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု


Ministry of Home Affairs/ နေပြည်တော် / January 18, 2019


ရန်ကုန်-မန္တလေးအမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ၁၈၀၀ အချိန်မှ ၁၇ ရက်နေ့ ၁၇၀၀ အချိန်ထိ မိုင်တိုင် (၂၀၁) နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၅ စီး၊ ဖြူးမြို့နယ်၊ ဖြူး တိုးဂိတ်၌ မော်တော်ယာဉ် ၁၂ စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီးတို့အား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

HOT NEWS
January 4,