အင်းတော်မြို့မှ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတွင် ထားရှိပူဇော်မည်

အင်းတော်မြို့မှ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီတွင် ထားရှိပူဇော်မည်


Ministry of Information/ Sagaing / February 04, 2019
image_latest


စစ်ကိုင်း ဖေဖော်ဝါရီ ၃

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ထွင်းထုထားသော အဓိက(ဒုန္ဒုဘိ)စည်တော်ကို စစ်ကိုင်းမြို့ ကောင်းမှု တော်ဘုရားကြီးသို့ ပင့်ဆောင်ပူဇော်ပွဲကို မတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် သီတဂူ ဆရာတော်ကြီး ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

စည်တော် ပင့်ဆောင်ရန်အတွက် အင်းတော်မြို့၌ သီတဂူဆရာတော်ကြီး၏ တရားပွဲကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးပြီး လက်ပန်ကုန်းရွာဆရာပွဲ ဗုံလုပ်ငန်း မိသားစုနှင့် အင်းတော်မြို့သူ မြို့သား၊ နယ်သူ နယ်သား အလှူရှင်များ စုပေါင်း၍ မတ် ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

စည်တော် ပင့်ဆောင်ရာ၌ မတ် ၁၇ ရက် ညတွင် ကောလင်းမြို့နှင့် ၁၈ ရက် ညတွင် ရွှေဘိုမြို့တို့တွင် ညအိပ်ရပ်နားပြီး တရားပွဲများ ကျင်းပသွားမည်ဖြစ်ကာ မတ် ၂၀ ရက် (တပေါင်းလပြည့်နေ့)တွင် စည်တော်ကို စစ်ကိုင်း မြို့ ကောင်းမှုတော်စေတီတွင် ထားရှိပူဇော် မည်ဖြစ်ကြောင်း သိရသည်။

 

စည်တော်ဟု စကားသုံးနှုန်းရခြင်းသည် ရိုးရိုးသာမန် စည်တော်မဟုတ်ဘဲ စည်တော် အတွင်းတွင် ဘုရားရှင်ခြေတော်ရာ၏ စက်လက္ခဏာတော်များ တရားတော်များ စသည်တို့ကို ရေးသားထွင်း ထုထား သော တရားစည်တော် ကြီးဖြစ်သည့်အတွက် စည်တော်ပင့်ဆောင် သည်ဟု သုံးနှုန်းထားခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းထွန်း(မုံရွာ)