၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း အထူးထုတ် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်
၁၂ လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း အထူးထုတ် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်
Ministry of Information/ နေပြည်တော် / February 26, 2019

နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာ သီပွဲတော်များနှင့် ပန်းများ အထိမ်းအမှတ် တပေါင်းလအတွက် သဲပုံစေတီပွဲနှင့် သရဖီပန်း ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၁) မျိုးအား ၂၀၁၉ ခုနှစ်၊ မတ် (၆) ရက် မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ် တပေါင်းလဆန်း (၁) ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီခွဲ မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာ တိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ မတ်(၆)ရက်၌ ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)