(၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူညီမှု ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တက်ရောက်

(၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူညီမှု ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တက်ရောက်


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့၌ မတ် ၁၃ ရက်က ကျင်းပသော (၇) ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့ရေး သဘောတူညီမှု ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြင့်မားရေးနှင့် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းပါးရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသတွင်း ပေါင်းစည်း ဆက်သွယ်မှုသည် အရေးပါသည့်အတွက် မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ထိရောက် ချောမွေ့စွာ ချိတ်ဆက်နိုင်ရန် လမ်းများတိုးချဲ့ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တံတားသစ် များ တည်ဆောက်ခြင်းနှင့် အနာဂတ်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ မဟာမဲခေါင်ဒေသခွဲ လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့ရေးမူဘောင် သဘောတူစာချုပ်ကို အကောင် အထည် ဖော်နိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း။

မူဘောင်အရ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ကနဦး အကောင် အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာကို နှစ်ဖက်အပြီးသတ်ညှိနှိုင်းခဲ့ပြီး ယခု အစည်းအဝေး တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ အခြားအဖွဲ့ဝင်နိုင်ငံများဖြင့် အလား တူစာလွှာများ လက်မှတ်ရေးထိုး အကောင်အထည်ဖော်နိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကနဦး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးကို အပြည့်အဝ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မဟာမဲခေါင်ဒေသခွဲ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ကနဦး အကောင်အထည် ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာကို ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်း နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E. Mr. Teerapon Rodprasert တို့က လက်မှတ်ရေးထိုးကြသည်။

ပြည်ထောင်စုဝန်ကြီးသည် မတ် ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့မှ နေပြည်တော် သို့ ပြန်လည်ရောက်ရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,