ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 16, 2019
image_latest


နေပြည်တော် မေ ၁၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေ ကျပ်  ၉၀၉၅ ဒသမ ၂၆၂ သန်းအနက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကျပ် ၈၅၉ ဒသမ ၀၅၄ သန်းခွဲဝေ သုံးစွဲခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထား သော မြန်မာနိုင်ငံနှင့် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ တိုဂိုသမ္မနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် ထူထောင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ များအားလုံးနှင့် ဟန်ချက်ညီညီ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်ရန် အတွက် ပြည်ပနိုင်ငံများနှင့် သံတမန်ဆက်သွယ်မှုများတိုးချဲ့ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအစိုးရ တာဝန်မယူမီက မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်မှု ထူထောင်ထားရှိသည့် နိုင်ငံပေါင်း ၁၁၄ နိုင်ငံ သာရှိ ခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် ပြည်ပ ၇ နိုင်ငံနှင့် သံတမန်ဆက်သွယ်မှု တိုးချဲ့နိုင်ခဲ့ သဖြင့် စုစုပေါင်း ၁၂၁ နိုင်ငံနှင့် သံတမန်ဆက်သွယ်မှု ထူထောင်ခဲ့ပါကြောင်း။

 မြန်မာနိုင်ငံအနေဖြင့် အာရှ၊ ဥရောပ၊ အမေရိကတိုက်တို့နှင့် သံတမန် ဆက်သွယ် မှုများပြားသော်လည်း အာဖရိကနိုင်ငံများနှင့် သံတမန်ဆက်သွယ်မှု နည်းပါးနေဆဲဖြစ် သည့်အတွက် အာဖရိကနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် သံတမန် ဆက်သွယ်မှုတိုးချဲ့ရန် ကြိုးပမ်းလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံနှင့် တိုဂိုသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင် ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေး တွင် တင်ပြ၍ ကနဦး သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘီနင်သမ္မတနိုင်ငံ၊ ကွန်ဂိုသမ္မတနိုင်ငံ နှင့် တိုဂိုသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်းဖြင့် တစ်နိုင်ငံ ချင်းစီနှင့် ချစ်ကြည်ရေးအပြင် အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးတို့၌ ပိုမိုတိုးတက်အောင်မြင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယကက သံတမန်အဆက်သွယ် ထူထောင်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချောက် မဲဆန္ဒနယ်မှ  ဦးဘိုကြီး၏ အချိန်စေ့ ရောက်သည့်နှစ်အလိုက် အတိုး၊ အရင်းပြန်ပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ် အားခမှ ရရှိသည့်ဝင်ငွေများနှင့် ပေးဆပ်ရမည့်ငွေများကို ခန့်မှန်းအသေးစိတ်စာရင်းနှင့် ရှင်းလင်း ချက်များဖြင့်ဖော်ပြပေးစေလိုကြောင်း ဆွေးနွေးချက်အပေါ် ချေးငွေပြန်လည် ပေးဆပ်ရန်အတွက် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုးငွေ ယူရို ၀ ဒသမ ၂၄ သန်းနှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အရင်း၊ အတိုးပေါင်း ယူရို ၂ ဒသမ ၉၇၅ သန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဘဏ္ဍရေးနှစ်တွင် ဘတ်ဂျက် လျာထားပြီး ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း။

ထို့ပြင် ချေးငွေများကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီး မည်သည့်လ တွင် စာချုပ်ချုပ်ဆိုမည်၊ မည်သည့်လတွင် ချေးငွေရရှိမည်၊ ပြန်လည်ပေးဆပ်မည်  စသည့် ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ချေးငွေစာချုပ် ချုပ်ဆိုရန် အနည်းဆုံး ၃  လမှ အများဆုံး ၆ လအထိ ကြာမြင့်ပါကြောင်း၊ ချေးငွေပေးအပ်သည့်အဖွဲ့အစည်း၏ ဘုတ်အဖွဲ့ အတည်ပြုပြီးသည့်အခါ ချေးငွေစာချုပ်အပေါ် အပြန်အလှန်ညှိနှိုင်းရခြင်း ကြောင့် အချိန် ကာလအတိအကျ မပြောနိုင်ခြင်း ဖြစ်ပါကြောင်း၊ ချေးငွေပြန်လည်ပေး ဆပ်မှုအနေဖြင့် ချေးငွေစာချုပ်ပါ ချေးငွေပြန်လည်ပေးဆပ်ရမည့်အစီအစဉ် Amortization Schedule  အတိုင်း အတိအကျ အချိန်နှင့်တကွဖော်ပြနိုင်ပါကြောင်း၊ လုပ်ငန်းများကိုမည်သည့် လများတွင် ဆောင်ရွက်မည်ဆိုသည်မှာ စီမံကိန်းအကောင် အထည် ဖော်သည့်ဌာနက Project Work Plan  ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ လိုအပ်တောင့်တသည့် အမှန်လိုအပ်သည့် အသုံးစရိတ်များကို ပြည်သူများ၊ အစိုးရဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ညှိနှိုင်းပြီး ပြည်ပချေးငွေများ သုံးစွဲခွင့်ရရှိရေးကို သက်ဆိုင်ရာသို့ အဆင့်ဆင့်တင်ပြတောင်းခံပေးရန်နှင့် မိမိတိုင်း ဒေသကြီး၊ ပြည်နယ်များတွင် ပြည်ပချေးငွေများဖြင့် ရယူဆောင်ရွက်ပေးရန် ဆွေးနွေး ချက်နှင့်စပ်လျဉ်း၍  ပြည်တွင်း၊ ပြည်ပမှ ငွေချေးယူခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ ကသာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ချေးငွေရယူနိုင်ပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသည်လည်း ငွေချေးယူလိုပါက ပြည်ထောင်စုအစိုးရအဖွဲ့ သို့ တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးယူနိုင်ပါကြောင်း။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ချေးငွေယူ သင့်၊ မသင့် စဉ်းစားရန် ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား ချေးငွေယူရာတွင် ချေးငွေပေးအပ်သည့်နိုင်ငံက ချေးငွေရယူလိုသည့် စီမံကိန်းနှင့် ချေးငွေရယူလိုသည့် ပမာဏတို့ကို ချေးငွေရယူမည့် နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ချေးယူနိုင်ပါကြောင်း၊ ယခုချေးငွေပေးအပ်သည့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကလည်း ဤလုပ် ငန်းများ အကောင်အထည်ဖော်ရန်အတွက် ချေးငွေပေးအပ်ရန်သဘောတူပြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒနှင့်အညီ ချေး ငွေရယူခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက ချေးငွေရယူရေးကိစ္စကို စက်ခလုတ်အသုံးပြု၍ ဆန္ဒမဲရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ ၆ လအတွက် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ရှင်းလင်းပြောကြားကြ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  ဆိပ်ကြီးခနောင် တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင် ဆွေးနွေးချက်နှင့်စပ်လျဉ်း၍  အထပ်မြင့်အဆောက်အုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ (CQHP)ကို ဆောက် လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းထားပြီး Construction Permit ကို ထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ Doing Business  မြန်ဆန်ရေး၊ အထပ်မြင့်အဆောက် အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ကို အသစ်ပြန် လည်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အကြံပြုချက်များကို လိုက်နာသွားမည်ဖြစ်ပါကြောင်း။

မိုးညို မဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း ဆွေးနွေးခဲ့သည့် လမ်းကိစ္စသည် အမှန် ကုန်ကျမည့် ရန်ပုံငွေတွင်ငွေကျပ် သန်း ၆၀ ကျော် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရရှိရန်ပုံ ငွေကျပ် ၄၆ သန်းဖြင့် မလုံလောက်သည့်အတွက် လိုအပ်သော ရန်ပုံငွေကို ကျေးရွာ ကော်မတီက တာဝန်ယူပြီး ဒေသခံရွာသားများထံ အလှူငွေကောက်ခံ၍ ပြီးစီးအောင် ဆောင်ရွက်သွားသည့်လုပ်ငန်းဖြစ်ပါကြောင်း။

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို ထောက်ပြအကြံပြုဆွေးနွေးသွားသည့်  တင်ဒါ စည်းမျဉ်းစည်းကမ်းများကို အသစ်ပြန်လည်ထုတ်ပြန်ကြေညာရန်ရှိသကဲ့သို့QC စစ်ဆေး သည့်နေရာတွင် ထိရောက်မှုရှိသည့် တစ်ဖွဲ့တည်းဖြင့် ပြီးစီးအောင် ဆောင်ရွက်လျက်ရှိ ပါကြောင်း ရှင်းလင်းပြောကြားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစီရင် ခံစာ(၄/၂၀၁၉)နှင့်စပ်လျဉ်း၍ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောနှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့ဆွေးနွေးခဲ့သည့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များအနက် လိုငွေပြလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များပါဝင် သည့်လုပ်ငန်းအဖွဲ့ ၂ဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း သက်ဆိုင်ရာ စက်ရုံများသို့သွားရောက်ခဲ့ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလ တွင် လေ့လာရေးအဖွဲ့များ၏ အစီရင်ခံစာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှတစ်ဆင့် နိုင်ငံတော်စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီရုံးသို့ တင်ပြခဲ့ပါ ကြောင်း၊ ယခုအခါ နိုင်ငံတော်စီးပွားရေးရာပေါင်းစပ် ညှိနှိုင်ရေးကော်မတီတွင် ဆက်လက် ဆွေးနွေးလျက်ရှိသည့်အပြင် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီ ရယူနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင် ဆွေးနွေးခဲ့သော Ease of Doing Business ညွှန်ကိန်းအဆင့်တိုးတက်ကောင်းမွန်လာ ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကိုဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက Doing Business Website https://www.myanmardoingbusiness.org ကိုတည်ထောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ Website တွင် ညွှန်ကိန်းတစ်ခုချင်းစီနှင့် စပ်လျဉ်း၍ သိမှတ်စရာအချက်အလက်များကို ဖော်ပြထားကြောင်း။

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုဆွေးနွေးခဲ့သည့် ငွေကြေးတန်ဖိုးကျဆင်းမှုများပြား စွာမဖြစ်ပေါ်စေရေးအတွက် စနစ်တကျစီမံခန့်ခွဲသင့်ကြောင်း သဘောထားမှတ်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးမူဝါဒ လက်နက်များဖြစ်သော သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်း၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေးစာချုပ်များကို ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် ထိန်းကျောင်းမှု ရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို သတ်မှတ်ခြင်းနှင့်ပြည်တွင်း ဘဏ်များအချင်း ချင်းနိုင်ငံခြားငွေ ရောင်းဝယ်မှုများပြုလုပ်စေခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserve) ကိုလည်း တိုးပွားလာစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ သုံးပွင့်ဆိုင် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိရာ ရလဒ်များ အဖြစ် သွင်းကုန်၊ ပို့ကုန်မူဝါဒများအပေါ် သုံးသပ်ပြင်ဆင်ခြင်း၊ တစ်ဆင့်ခံပို့ကုန်များကို ယာယီရပ်ဆိုင်းခြင်း၊ ပို့ကုန်ရငွေများပြန်လည် ဝင်ရောက်မှုကို စိစစ်ခြင်း၊Letter of Credit (L/C)စနစ်ကို ကျင့်သုံးကြရန်တွန်းအားပေးခြင်း၊ နိုင်ငံခြားငွေ စီးဝင်စီးထွက်မှုများကို စောင့်ကြည့်သုံးသပ်ခြင်းစသည်တို့ကို နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

စီမံကိန်းလုပ်ငန်းကြီးများတွင် ပါဝင်သည့် အစိုးရအခန်းကဏ္ဍနှင့် ပုဂ္ဂလိကအခန်း ကဏ္ဍတို့နှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို ယခုထက်ပိုမို သုံးသပ် တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်။

အစီရင်ခံစာ (၆/၂၀၁၉)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်္မတီ၏ သဘောထား မှတ်ချက်နှင့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အခြေခံသည့် ပြုပြင်ပြောင်း လဲဆောင်ရွက်ထားမှု အခြေအနေများကို နောင်အစီရင်ခံစာ တင်သွင်း သည့်အခါ ပြန်လည်တင်ပြဆွေးနွေးသင့်ပါကြောင်း အကြံပြုချက်နှင့်စပ်လျဉ်း၍ လာမည့် အစီရင်ခံစာများတွင် ထည့်သွင်းတင်ပြနိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များထံမှလိုအပ်သည်များကို တောင်းခံပြီး ထည့်သွင်းပြုစုတင်ပြသွားမည်ဖြစ်ပါကြောင်း။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်  နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာများအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အကြံပြုချက်များ၊ သဘော ထားမှတ်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ် များ၏ အကြံပြုဆွေးနွေးချက်များအပေါ် အလေးထား၍  ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ၏ အစီရင်ခံစာအမှတ်စဉ်(၆/၂၀၁၉)ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါ ရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးမျိုးဝင်းက ကော်မတီ၏ အစီရင်ခံစာ (၄/၂၀၁၉)နှင့် (၆/၂၀၁၉)တို့ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရ ယူ၍  ယင်းအစီရင်ခံစာတို့ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် မှတ်တမ်း တင်ကြောင်း ကြေညာသည်။

သတင်း - မော်စီ၊ အေးအေးသန့်

HOT NEWS
January 4,