စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်း

စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်း


Ministry of Information/ myanmar / June 08, 2019
image_latest


ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော် ရုံးသို့ လိပ်မူပေးပို့နိုင်ပါသည်။

စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်း

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်။)

၁၃၈၁ ခုနှစ်၊ လ ရက်

(၂၀၁၉ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ (က) ဤဥပဒေကို စကားရပ်ပြောင်းလဲသတ်မှတ်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

( ခ) ဤဥပဒေသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အာဏာတည်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၂။ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ ကြေညာချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များတွင်ပါရှိသော “ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန”ဆိုသည့် စကားရပ်ကို “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း ပြောင်းလဲသတ်မှတ်ရမည်။

၃။ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ ကြေညာချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များတွင်ပါရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်သော “ပြည်ထဲရေး ဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန” ဟု ပြင်ဆင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

HOT NEWS
January 4,